အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)

4.1K 634 31
                                    

Scroll down for Zawgyi.

Unicode

စုန့်ရှီလင် မျက်​မှောင်ကြုတ်လိုက်၏။သူ ​ပေါ်ယွီအား သူ့မိဘ​တွေ​ရှေ့ နူးညံ့ညင်သာစွာ တွဲ​ခေါ်ကာ ၎င်းတို့ကို နှုတ်ဆက်ရန် ​ပေါ်ယွီ့အား ​ခေါင်းညိတ်အချက်​ပေးလိုက်သည်။

" မင်္ဂလာပါ ၊ ဦး​လေးနဲ့အ​ဒေါ်။ ကျွန်​တော်က ​ပေါ်ယွီပါ " ​ပေါ်ယွီ သူ့ကိုယ်သူ အားတင်းလျက် နှုတ်ဆက်စကားဆိုလိုက်သည်။

စုန့်ရှီလင်အ​မေက မျက်ခုံးများကို မ​ကျေနပ်စွာ တွန့်​ကွေးလိုက်ပြီး ​​ဟော​ဟောဒိုင်းဒိုင်း ​ပြောသည်။ " ​နောက်ဆုံး သူက ဒီအိမ်ကို​တောင် ​ရောက်လာပြီပဲကို။ ငါတို့ကို ဦး​လေး​တွေ ၊ အ​​ဒေါ်​တွေ ​ခေါ်​နေ​သေးတယ်။ ဒါ့ပြင် သူက ရှီလင်နဲ့ က​လေး​လည်း ရထားပြီးပြီ "

ဧည့်ခန်းရှိ လူအားလုံးဟာ ကသိက​အောက်နိုင်စွာ ​နေရခက်ကုန်ကြ​တော့သည်။

ဦး​လေးစုန့်က အချိန်ကိုက် ​ပေါ်လာ၍ အ​ခြေအ​နေကို ​ဖြည်လျော့​စေလိုက်သည်။ " သခင်ကြီး ၊ သခင်မကြီး ၊ အစားအ​သောက်​တွေ အဆင်သင့်ဖြစ်​ပါပြီ "

စုန့်ရှီလင်အ​ဖေက မျက်မှန်ကို စားပွဲထက် အသာအယာ ချလိုက်သည်။သူ မတ်တပ်ရပ်ကာ ထမင်းစား,စားပွဲဆီသို့ ဦး​ဆောင်​​လျှောက်သွား၏။ " သုံး​ဆောင်စရာရှိတာ သုံး​ဆောင်ပြီးမှ စကားဆက်ကြစို့ "

စုန့်ရှီလင်အ​မေလည်း ချစ်စဖွယ် မျက်လုံး၀ိုင်း၀ိုင်း​လေးများရှိသည့် ဖရဲသီး​လေးလက်ကို ဆွဲရင်း စုန့်ရှီလင်အ​ဖေ​နောက်က​နေ လိုက်ပါလိုက်သည်။

​ပေါ်ယွီမှာ စုန့်ရှီလင်၏ တည်ငြိမ်​လေးနက်မှုတို့ ယှက်သမ်း​နေ​သော မျက်၀န်းတစ်စုံကို ရင်ဆိုင်လိုက်ရသည်။

" ငါ . . . ငါ . . . . . . အဲဒီလို . . . မ​ခေါ်နိုင်​သေး . . . " သူ အမှားလုပ်ခဲ့မိမှန်း ​ပေါ်ယွီ သိသည်။ထို့​ကြောင့် သူ ​ဖျော့​တော့စွာ ​တောင်းပန်တိုးလျှိုးလိုက်၏။

စုန့်ရှီလင် ​ပေါ်ယွီရဲ့လက်ဖဝါးနုနု​ထွေးတစ်ဖက်အား ဖျစ်ညှစ်လိုက်​သောအခါ အနှီလက်ဖဝါး​လေးက ​​ချွေးများဖြင့် စိုရွှဲ​နေသည်ကို ခံစားလိုက်ရသည့်အ​လျောက် စုန့်ရှီလင်၏ နှလုံးသားက သိမ်​မွေ့ညံ့သက်သွားသည်။သူ တီးတိုး နှစ်သိမ့်​​ပေးလိုက်၏။
" အဆင်​ပြေပါတယ်။ ကိုယ်တို့ တစ်ဆင့်ချင်း တက်သွားကြတာ​ပေါ့ကွယ် "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now