အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)

1.4K 237 7
                                    

Scroll down for Zawgyi.

Unicode

ချူဖန်းက ဘေးအနီးအနားတွင် ရပ်ရင်း ကြည်ပြာ​ရောင်၀တ်စုံနှင့်​ပေါ်ယွီအား ကြည့်​နေသည်။ဓါတ်ပုံရိုက်ကူး​ရေး ပထမတစ်ဖြတ်အပြီး ​ခေတ္တနားချိန်​ရောက်​သော် ချူဖန်းက ---
" ဒီဝတ်စုံကြီး တကယ် ရုပ်ဆိုးတယ် မထင်ဘူးလား ??? "

" ​ကျောက်မျက်ရတနာ​က အမျိုးသမီး​​တွေ ကြော်ငြာ​နေကျ​ပေမယ့် ကျွန်​တော်က စုန့်လုပ်ငန်းစုရဲ့ Spokesperson ဖြစ်​နေ​တော့ လုပ်ငန်းစုနာမည်​အောက်က ထုတ်ကုန်​ကြော်ငြာမှန်သမျှ ကျွန်​တော် တာ၀န်ယူရ​မယ်မလား "
​ပေါ်ယွီက စိတ်​ဓါတ်ကျနေသ​ယောင်။
" ကြော်ငြာ​​မော်ဒယ်တွေက အရင် အမျိုးသမီး​တွေချည်း ပုံ​သေ​ဖြစ်ခဲ့တာမို့လို့ အိုင်ဒီယာအသစ်​တွေ ထွက်လာဖို့က သူတို့​အတွက် အခက်သား "

" ​ကျောက်မျက်ရတနာ​ကြော်ငြာကို ​ယောကျ်ား​လေး ရိုက်တာလည်း မဆိုးပါဘူး "
ချူဖန်းက ​ပေါ်ယွီ့ကို ကြံဖန်နှစ်သိမ့်သည်။
" မင်း​ယောက္ခမကြီးရဲ့လက်၀တ်ရတနာဖိုးအ​ပေါ် ပိုက်ဆံ​ချွေတာနိုင်သွားတာ​ပေါ့ကွာ "

" ကျွန်​တော့်ယောက္ခမကြီးက ဒီလက်ဝတ်ရတနာ​​လေးတွေ​လောက်ကို အ​ရေးလုပ်နေမယ်များ ​အောက်​မေ့သလား ??? "
​ပေါ်ယွီ ​မေးဆတ်ပြလိုက်၏။​သူ ​မေးထိုးပြရာဘက်၌ ဓါတ်ပုံရိုက်စဉ်က ကိုင်တွယ်ပြသခဲ့​သော အမျိုးသမီး၀တ်​​ကျောက်မျက်ရတနာများ။

ချူဖန်း အခုမှ စဉ်းစားမိသည်။ သူ ဘယ်လိုလုပ် ​မေ့သွားရတာပါလိမ့် ၊ စုန့်အိမ်​တော်က လုပ်ငန်းစုကြီးတစ်ခုလုံးကို လက်၀ယ်ပိုင်ဆိုင်ထားတဲ့ဥစ္စာ ၊ စုန့်ရှီလင်အ​မေမှာ လက်၀တ်ရတနာ​တွေ ရှားပါး​နေမတဲ့လား ???

နှစ်​ယောက်သား ဘာစကားမျှ ဆက်မ​ပြော​တော့ဘဲ ခုံ၌ ပါးစပ်ကြီးပိတ် ၊ ထိုင်​နေကြသည်။

စုန့်ရှီလင်က ​ကြော်ငြာရိုက်ကွင်းသို့ ၀င်လာကာ သူ့ကို အရိုအ​သေ​ပေးနှုတ်ဆက်စရာမလိုဟု ရိုက်ကူး​ရေး၀န်ထမ်းများဆီ လက်ဟန်ပြ၍ ​ပေါ်ယွီ့ထံ တိတ်တဆိတ် ​လျှောက်သွားလိုက်သည်။

သူ ​ပေါ်ယွီ့​ဘေး ၀င်ထိုင်ပြီး အနှီသူ၏ လက်တစ်ဖက်ကို ​ထွေးဆုပ်လိုက်​သောအခါ ​ချွေးစို့စို့လက်ဖဝါး​လေးအား ဖျစ်ညှစ်လိုက်၏။
" ဘာဖြစ်လို့လဲ ??? "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now