အခန်း-၁၀၄(အိမ်အပြန်)

3.6K 473 25
                                    

Scroll down for Zawgyi.

Unicode

နောက်တစ်​နေ့ လူတိုင်း မည်သူမျှ သတင်းမရမီ ​ပေါ်ယွီဟာ ဖရဲသီး​လေးနှင့်အတူ အ​နောက်​တောင်မြို့​တော်ထံ ဦးတည်ပျံသန်းသည့် ​လေယာဉ်ပေါ်သို့ တက်သွားခဲ့သည်။

ထိုစဉ် စုန့်ရှီလင်နှင့် ​ပေါ်လျန်တို့က နှစ်ဦးတည်း သီးသန့် ​တွေ့ဆုံခဲ့ကြ၏။

​ပေါ်ယွီနှင့် အနီးကပ်ဆုံး ဆက်ဆံ​ရေးရှိ​သော အမျိုးသားနှစ်ဦးသည် နှစ်နာရီနီးပါး အတူတကွ ထိုင်ကာ အ​နှောင့်အယှက်ကင်းစွာ ​အေး​​​အေးဆေး​ဆေး စကားလက်ဆုံကျခဲ့ကြသည်။ယင်း​နောက်တွင် စုန့်ရှီလင်က ကုမ္ပဏီဆီ ပြန်ခဲ့၍ ​ပေါ်လျန်ကမူ ကိုယ်ပိုင်ရဟတ်ယာဉ်ဖြင့် ဟွားချန်မြို့မှ ထွက်ခွာလာသည်။

ငါးနာရီအကြာ။​ပေါ်ယွီတို့စီးတဲ့ တက်စီက ​ပေါ်အိမ်​တော်​ရှေ့​မှောက် ဆိုက်ဆိုက်ချင်း သူ့ကို ​ရပ်စောင့်​နေကြသည့် အကြွင်းမဲ့အာဏာစက်ရှင် အစ်ကိုကြီးနှင့် သ​ဘောထားနူးညံ့ကြင်နာတတ်​သော အိမ်​​တော်ထိန်းဦး​လေးတို့အား အိမ်​ပေါက်ဝ၌ ​တွေ့လိုက်ရသည်။

​ပေါ်ယွီ : " ​ကော ဘယ်တုန်းက ကျွန်​တော့်ထက် ​စော​ရောက်​နေတာလဲ ??? "

ဖရဲသီး​လေးက ​ပေါ်ယွီ့လက်ကိုတွဲထားတဲ့ သူ့လက်​လေးကို ဖြုတ်ချပြီး ​​ပေါ်လျန့်​ပေါင်သို့ ​ပြေးဖက်တွယ်ရင်း ​ရွှင်မြူးစွာ ​အော်​ခေါ်လိုက်၏။
" ကျို့ကျို့ !!! "
{ T/N : အ​မေ၏အစ်ကို(သို့)​မောင်အား ​ခေါ်​ဝေါ်သည် }

" သူ ငါ့ကို ဘာလို့ ဆက်တိုက် ကျို့ကျို့​ခေါ်​နေမှန်း နားကိုမလည်ဘူး "
​ပေါ်လျန်က ဖရဲသီး​လေးကို မချီလျက် ​ပေါ်ယွီအား ဇ​ဝေဇဝါကြည့်လိုက်သည်။

​ပေါ်ယွီ မင်တက်သွား၏။
" ကျို့ကျို့ မ​ခေါ်ရင် ဘယ်လို ​ခေါ်ရမှာလဲ ??? "

​လေးဆယ့်ငါးနှစ်အရွယ် အိမ်​​​တော်ထိန်းရှန်ဟာ ​​ပေါ်ယွီ့ဆီက လက်ဆွဲခရီး​ဆောင်သေတ္တာကို လွှဲ​ပြောင်းယူ၍ ကြင်နာစွာ ရှင်းပြသည်။
" ​ဆွေမျိုးဇယားအရဆိုရင် သခင်ငယ်​လေးက သခင်ကြီးကို တာ့​ပေါ်လို့ ​ခေါ်ရမှာပါ "
{ T/N : အ​ဖေ၏အစ်ကိုအား ​ခေါ်​ဝေါ်သည် }

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now