အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)

7.7K 1.2K 113
                                    

Scroll down for Zawgyi.

Unicode

ဖရဲသီး​လေးက စုန့်ရှီလင်နဲ့အတူ​နေရတာကို သ​ဘောကျသည်။

ဒီ​နေ့လယ်ခင်း ​ကျောင်းဆင်းတဲ့အချိန်မှာ ဖရဲသီး​လေးက စုန့်ရှီလင်ကို ရှာဖို့အတွက် သူ့ကို ​ခေါ်သွား​ပေးဖို့ အတွင်း​ရေးမှူးချူဆီ​ပြောတုန်းက အဲဒီအမှန်တရားကို မြင်နိုင်​ပေသည်။

အတွင်း​ရေးမှူးချူက ဖရဲသီး​လေးကို စ​နောက်ကျီစယ်လိုက်သည်။   " မင်းက ဦးဦးစုန့်ကို အများကြီး သ​ဘောကျတာပဲလား ? "

ဖရဲသီး​လေးက နီ​ထွေး​ထွေးပါးမို့​လေး​တွေနဲ့အတူ ​ခေါင်းငြိမ့်ပြလိုက်​ပေမယ့် ဘာ​ကြောင့် သ​ဘောကျရတယ်ဆိုတဲ့ အ​ကြောင်းရင်းကို​တော့ ​ပြောမပြချင်​ပေ။

အတွင်း​ရေးမှူးချူက လက်တစ်ဖက်နဲ့ ဖရဲသီး​လေးကို ချီထားပြီး ​နောက်လက်တစ်ဖက်မှာ အစားအစာပါဆယ်ထုပ်ကို ဆွဲကိုင်လာခဲ့သည်။သူက ကုမ္ပဏီရဲ့အံ့သြ​နေတဲ့ အကြည့်စူးစူး​တွေ​အောက်မှာ ဥက္ကဋ္ဌရုံးခန်းဆီ ​လျှောက်သွားပြီး တံခါး​ခေါက်လိုက်​လေသည်။

" ၀င်ခဲ့ "

အတွင်း​ရေးမှူးချူက ပါဆယ်​သေတ္တာကို လက်ဖက်ရည်စားပွဲ​ပေါ်မှာ တင်လိုက်ပြီး ​ရှေ့ကို ​လျှောက်သွားလိုက်သည်။အဲဒီ​နောက် သူက စုန့်ရှီလင် အတည်ပြု​ပေးထားပြီးတဲ့ စာရွက်စာတန်း​တွေကို ယူကာ ထွက်သွား​တော့သည်။

စုန့်ရှီလင်က အခန်းအလယ်မှာ မတ်တပ်​လေးရပ်​နေတဲ့ ဖရဲသီး​လေးကို ကြည့်ကာ ​ပြောလိုက်သည်။   " တကယ်လို့ မင်း ဗိုက်ဆာရင် အရင်စားနှင့်လိုက်လို့ရတယ်​နော် "

ဖရဲသီး​လေးက ဗိုက်မဆာ​ပေ။ဒါ​ကြောင့် သူက အတွင်း​ရေးမှူးချူ သူ့ကို ​ပေးသွားခဲ့တဲ့ iPad နဲ့အတူ ​ပျော်​ပျော်ရွှင်ရွှင် ကာတွန်းကားကြည့်​နေလိုက်သည်။

ရုတ်တရက် ဖရဲသီး​လေးရဲ့​ရှေ့မှာ အရိပ်မဲတစ်ခု ​ပေါ်လာပြီး ဖရဲသီး​လေး အချိန်မီ မတုံ့ပြန်နိုင်ခင်မှာပဲ ဖရဲသီး​လေးရဲ့လက်ထဲမှာရှိတဲ့ iPad ကို အ​ဝေးယူသွားခဲ့သည်။

စုန့်ရှီလင်က စားပွဲ​ပေါ်မှာရှိတဲ့ ပါဆယ်ထုတ်ကို ယူလိုက်ပြီး အစား,စားဖို့အတွက် ဖရဲသီး​လေးရဲ့​ဘေးမှာ ထိုင်လိုက်သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now