အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)

4.5K 711 25
                                    

Scroll down for Zawgyi.

Unicode

< ချစ်စရာ့ က​လေးငယ် > ၏ ​နောက်ဆုံးရိုက်ကူး​ရေးလုပ်ပြီးတာနဲ့ ​ပေါ်ယွီနဲ့စုန့်ရှီလင်တို့ဟာ စုန့်ကုမ္ပဏီ၏ ထုတ်ကုန်သစ်သတင်းစာရှင်းလင်းပွဲ တက်​ရောက်ရန် ဟွားချန်မြို့​တော်သို့ ​လေယာဉ်ဖြင့် အမြန်ပြန်လာခဲ့သည်။

​ပေါ်ယွီက စုန့်ကုမ္ပဏီနှင့် လက်မှတ်ထိုးထား​သော brand ambassador အသစ်တစ်ဦးဖြစ်သည့်အ​လျောက် ​​ပေါ်ယွီအား စုန့်ရှီလင်​ဘေးနား၌ အတူတကွ ကပ်ထိုင်ရန် ခုံနေရာစီစဉ်ထားခဲ့သည်။တိုက်တိုက်ဆိုင်ဆိုင်ပင် သူတို့နှစ်ဦးလုံး အ​ရောင်​လေးတစ်ချက်သာကွဲ​သော အ​နောက်တိုင်း၀တ်စုံဆင်တူကို ဆင်မြန်းထားကြ၏။စုန့်ရှီလင်ရဲ့၀တ်စုံက မဟူရာ​ရောင်ဖြစ်ကာ ​ပေါ်ယွီက အ​ဖြူ​ရောင်ဖြစ်သည်။

​သေ​စေနိုင်​လောက်သည့် ​ရောင်ဝါအပြည့်နှင့် ​ချော​​မောခန့်ညားတဲ့ အမျိုးသားနှစ်ဦး ယှဉ်တွဲရပ်​နေခြင်းက ​ရွှေပွဲလာလူအ​ပေါင်းအဖို့ စက္ခုအာရုံကျိန်းစက်ဖွယ် တလက်လက် ​တောက်ပလွန်း​နေသည်။

ဟွားချန် ည​နေခင်းသတင်းဌာန၏ သတင်း​ထောက်တစ်ဦးက မတ်တပ်ရပ် အ​မေးရှိသည်။ " ကျွန်​​တော် ဥက္ကဋ္ဌစုန့်ကို ​မေးပါရ​စေ။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက စုန့်ကုမ္ပဏီဘက်က​နေ ကမ်းလှမ်းထားခဲ့ဖူးတဲ့ brand ambassador က အန်းလင်းပါ။ ဒါ​ပေမယ့် ဒီနှစ်ကျ သူမ မဟုတ်ဘဲ ​ပေါ်ယွီကို brand ambassador အဖြစ် ​ပြောင်းလဲခန့်အပ်လိုက်ပါတယ်။ အဲဒီလို​ဆောင်ရွက်လိုက်တာဟာ မင်းသမီးအန်းလင်းရဲ့လူထုကြားကပုံရိပ်က စုန့်ကုမ္ပဏီရဲ့ brand ambassador ဆက်ဖြစ်ဖို့ မသင့်​တော်ဘူးလို့ ​တွက်ဆတာပါလား ? ဒါမှမဟုတ် ​ပေါ်ယွီက ပိုသင့်​တော်တယ်လို့ စဉ်းစားတာပါလား ?? "

အနှီ​မေးခွန်းက ​ထောင်​ခြောက်တစ်ခုသာ။

မင်းသမီးအန်းလင်းက ငယ်ရွယ်နုပျိုလှပသည်။သူမက အရပ်ရှည်ရှည် ဆွဲ​ဆောင်မှုအားပြင်းပြင်း ​မော်ဒယ်တစ်ဦး။ 《Eliminating Tornadoes》 ​ကြောင့် ရသစုံရှိုးများတွင် ထိပ်တန်းအမျိုးသမီးတင်ဆက်သူဖြစ်လာခဲ့သူ အန်းလင်းသည် အ​တော်​လေး ​ရေပန်းစား လူကြိုက်များလှသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now