အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)

1.3K 195 2
                                    

Scroll down for Zawgyi .

Unicode

《 Secret Agent 》 ၏ တစ်ပြည်လုံးအနှံ့ ​ကြော်ငြာမိတ်ဆက်ပွဲများကို အင်တိုက်အားတိုက် စတင်ခဲ့သည်။​ပေါ်ယွီခမျာ ​လေယာဉ်စီးရ ၊ ဟိုတယ်ရှာရ ၊ ​ကြော်ငြာ​မိတ်ဆက်ပွဲ​တွေမှာ ပရိသတ်​တွေ​ရှေ့ လူလုံးပြရနှင့် ​နေ့​နေ့ညည အလုပ်ရှုပ်​နေခဲ့သည်။ကသီလင်တနိုင်လှ​သော လ၀က်ခန့်အလွန်တွင် ​ပေါ်ယွီတစ်​ယောက် ကိုယ်အ​လေးချိန်လျော့လာ​တော့သည်။

လင်းရှန့်မြို့၀ယ် ရုပ်ရှင်မိတ်ဆက်ပွဲကျင်းပ​ခိုက် သူ့သား၀တုတ်​လေးနဲ့အတူတူ ခရီးထွက်​နေသည့် ချူဖန်းနှင့် ​ပေါ်ယွီ ဆုံခဲ့​သည်။သူတို့သုံး​ယောက်သား ​​ဤနေ့လယ်ခင်း၌ လင်းရှန့်မြို့ရှိ သဘာ၀ပသာဒရှူ​မျှော်ခင်းဖြစ်​သော တံတားပျက်ကြီးတွင် ​တွေ့ကြရန် အချိန်းအချက်ပြုလိုက်ကြ၏။

​နေ့လယ်ခင်း၌ မိုး​ပြေး​လေးက တဖွဲဖွဲ။လူ​တွေ သူ့ကို မှတ်မိကုန်မှာစိုးတဲ့ ​ပေါ်ယွီက ​နေကာမျက်မှန်ကိုတပ် ၊ ဦးထုပ်ဝတ်လို့ လမ်းခုလတ်က ၀ယ်ခဲ့​သော ဆီစိမ်ထီးတစ်​ချောင်းကိုပါ ​​ဆောင်းလာ​သေးသည်။

မိုးစက်မိုး​ပေါက်​လေးများက လင်းရှန့်မြို့၏ တံတားပျက်ကြီး​အောက်တွင်ရှိ​သော ​ရေကန်ထက်သို့ ထိမှန်ကျဆင်းရာ ​လှိုင်းကြပ်ခွပ်​လေး​တွေ ဖြစ်​ပေါ်​နေ၏။တံတားပျက်ကြီး၀န်းကျင်တစ်၀ိုက်က အိမ်များ​ဟာ မင်​ခေတ်အိမ်ပုံစံများကို တုပ​ဆောက်လုပ်ထားခြင်း။ထို့အတူ ဟိုတယ်များသည်လည်း ​ရှေး​ခေတ်ဗိသုကာပညာ တည်းခိုခန်းများအတိုင်း သရုပ်​ဖော်ဖန်တီးထားကြသည်။အနုသုခုမမူဟန်က အင်မတန် တင့်တယ်ပြောင်​မြောက်လှ​စွာ။

ခပ်လှမ်းလှမ်းတွင် ​လှေထိုးသမားတစ်ဦး တ​ရွေ့​ရွေ့ ​လှော်ခတ်​နေ​​သော ​လှေငယ်​လေးတစ်စီးက ​ပေါ်ယွီထံ ငြိမ့်ငြိမ့်​​လေး ဦးတည်ချဉ်းကပ်လာ​လေသည်။

​သစ်သား​လှေငယ်​ပေါ်၌ ထိုင်​နေသည့် ချူဖန်းနှင့်၀တုတ်​လေးအား ​ပေါ်ယွီ လှမ်းကြည့်၍ အော်​​ပြောလိုက်သည်။
" ခင်ဗျားတို့​တွေ နှစ်​ယောက်တည်း ​လှေစီး​နေကြတယ်​ပေါ့ !!!??? "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now