အခန်း-၁၀၇(အစားထိုး)

2.4K 350 14
                                    

Scroll down for Zawgyi.

Unicode

နောက်တစ်​နေ့၌ ​ပေါ်ယွီ ​ဆေးရုံသို့ တစ်​ခေါက် ပြန်သွားခဲ့သည်။

​ပေါ်ယွီတို့ လူနာခန်းထဲ ​ရောက်ပြီး မကြာမီ တံခါး​ခေါက်သံတစ်ခုက ကျယ်ကျယ်​လောင်​လောင် ထွက်​ပေါ်လာရာ ​ပေါ်ယွီ​ရော ချင်ရှန်း​ရော ရုတ်ခြည်း လန့်ဖျပ်သွားကြ၏။၎င်း​နောက် ချင်ရှန်းက ​ခေါင်းပင်​မော့မကြည့်ဘဲ ဖရဲသီး​​လေးနှင့် ဆက်လက်ကျီစယ်​ဆော့ကစား​​နေသည်။သူမက ညင်သာစွာ ​ပြောလိုက်သည်။
" တံခါးထဖွင့်​ပေးလိုက်ပါဦး "

တံခါးဖွင့်လိုက်​သော် ​လော​လောလတ်လတ် မ​နေ့ကတင် ​ပေါ်လျန့်ကားကို ​ပြေးတားခဲ့သည့် အမျိုးသားငယ်က ​ပေါ်ယွီအား ​စေ့​စေ့စပ်စပ် ကြည့်ကာ နှုတ်ခမ်း​ထောင့်စွန်းများ ပင့်တက်သွားသည်။
" မင်္ဂလာပါ ၊ ​​ဒုတိယပေါ်သခင်​​လေး "

" မင်းက ဘာကိစ္စလဲ ??? "
​ပေါ်ယွီက လူနာခန်းတံခါး၀တည့်တည့်တွင် ပိတ်ရပ်လျက် ထိုအမျိုးသားငယ်ကို အ​ပေါ်စီးက ငုံ့ကြည့်လိုက်သည်။

နှစ်​ယောက်ကြားရှိ အရပ်ကွာခြားမှု​ကြောင့် ထိုအမျိုးသားမှာ ​ပေါ်ယွီ့မျက်ဝန်းများကို အကဲခတ်ရန် ​ခေါင်း​မော့​နေရသည်။

" ကျွန်​တော် ခင်ဗျားနဲ့ စကား​ပြောမလို့ လာခဲ့တာ။ ဒါ​ပေမယ့် ဒီ​နေရာက လူရှုပ်လွန်းတယ်။ ခင်ဗျား ကျွန်​တော်နဲ့အတူတူ တိတ်ဆိတ်တဲ့ဆီ လိုက်ခဲ့ဖို့ လိုတယ် "
အမျိုးသားငယ်က သူ့​မေး​စေ့နှင့် မျက်လုံးအကြည့်တို့အား ဟန်ပါပါ ချီလိုက်သည်။​ပေါ်ယွီက သူ့စကားကို သ​ဘောတူလိမ့်မည်ဟု တထစ်ချ ​သေချာ​နေသည့်သဖွယ်။

​ပေါ်ယွီက ယင်းအမျိုးသားထံ ​ခံစားချက်ကင်းမဲ့စွာ ​ဝေ့ဝဲကြည့်လိုက်သည်။သူက ​နောက်သို့ ​ခြေတစ်လှမ်းဆုတ်၍ တံခါးပိတ်ရန် ပြင်လိုက်သည်။

အမျိုးသားက ထိပ်ထိပ်ပျာပျာဖြစ်သွားပြီး ထပ်မံ ဟိတ်ဟန်ထုတ်မ​​နေရဲ​တော့။သူက တံခါးကို လက်တစ်ဖက်နှင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း တိုးတိုး​လေး ဆိုသည်။
" ကျွန်​တော် ခင်ဗျားကို အရမ်းအရမ်း အ​ရေးကြီးတဲ့အ​ကြောင်းအရာကို ​ပြောပြမှာ။ ကျွန်​တော်နဲ့ အပြင်ထွက် စကား​ပြောရ​အောင်ပါ ၊ ဟုတ်ပြီလား ??? "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now