အခန်း-၄၉(ဥက္ကဋ္ဌချူ)

6.4K 1K 18
                                    

Scroll down for Zawgyi.

Unicode

​ပေါ်ယွီ အိမ်မှာ တစ်ရက် အနားယူပြီး ​နောက်တစ်​နေ့တွင် သူ့မှာ အလုပ်တွေကို သဲကြီးမဲကြီး ပြန်စလုပ်ရ​တော့သည်။

​ခြေတံရှည်​တွေရယ်၊​ချော​မောခန့်ညားတဲ မျက်နှာရယ်နဲ့ ဖက်ရှင်ကျကျ အ၀တ်အစား​တွေကို ပိုင်ဆိုင်ထားတဲ့​ ပေါ်ယွီက တစ်​နေ့တခြား ပိုပိုနာမည်ကြီးလာတဲ့အပြင် ဖက်ရှင်​လောကမှာပါ ​ကောင်းမွန်လှတဲ့ နာမည်ဂုဏ်သတင်းနဲ့ ​ကျော်​ဇောတာ​ကြောင့် magazine cover ရိုက်ကူးဖို့အတွက် ကမ်းလှမ်းချက်​တွေအများကြီးကို လက်ခံရရှိခဲ့သည်။

မန်​နေဂျာကျန်းက သာမာန်လူ​တွေနဲ့သာ ထိ​တွေ့ရတဲ့ အဆင့်နိမ့် magazine ​​တွေကို ဖယ်ထုတ်လိုက်ပြီး အ​တော်​လေး တန်ဖိုးမြင့်ကာ လူချမ်းသာ​တွေကို ဆွဲ​ဆောင်နိုင်တဲ့ style ဖြစ်တဲ့ ​မော့အန်းအမည်ရ fashion magazine တစ်ခုကို ​ရွေးချယ်လိုက်သည်။

​ပေါ်ယွီက ဖရဲသီး​လေးကို ​ကျောင်းပို့ပြီးတဲ့​နောက် magazine shooting ရိုက်ဖို့ ချိန်းဆိုထားတဲ့​နေရာဆီ ကားကို ခပ်ဖြည်းဖြည်း ​မောင်းလာခဲ့သည်။

​ရှောင်လီနဲ့ ​ရှောင်ကျန်းတို့က shooting company ကို အ​စောကြီး လာခဲ့ကြရတာဖြစ်သည်။သူတို့က ​ပေါ်ယွီကို မြင်တဲ့အခါ အ​ရှေ့ကို ခပ်သွက်သွက် ​လျှောက်လာကြသည်။တစ်​ယောက်က ​ပေါ်ယွီကို တံခါးဖွင့်​ပေးဖို့ တာ၀န်ယူလိုက်ပြီး ​နောက်တစ်​ယောက်က​တော့ ကားကို parking lot ဆီ ​မောင်းသွားလိုက်သည်။

" ​ပေါ်​ကော , ဘာလို့ အရမ်း​နောက်ကျမှ ​ရောက်လာရတာလဲ ? မစ္စတာကျန်းက ဒီကို ​ရောက်​နေတာ ကြာလှပြီ။ သူ အခု ​ခေါင်း​ဆောင်အယ်ဒီတာနဲ့ shooting content ကို ​ဆွေး​နွေး​နေတယ် "   ​ရှောင်ကျန်းက မ​ကျေမနပ်နဲ့ ဆိုလိုက်သည်။မနက်​စော​စောစီးစီး ​လေ​​အေး​တွေထဲမှာ မတ်တပ်ရပ်​ရင်း ​ပေါ်ယွီကို နာရီ၀က်​လောက် ​စောင့်​နေခဲ့ရတယ်ဆိုတဲ့ အချက်က ဒီ​လက်​ထောက်ကို မစဉ်းစားမဆင်ခြင်ဘဲ စကား​ပြောမိ​အောင် ပြုလုပ်လိုက်​သည်။

​ပေါ်ယွီက ​ရှောင်ကျန်းကို လျစ်လျူရှူထားလိုက်ပြီး ​ခြေလှမ်းကျဲကျဲလှမ်းကာ ၀န်ထမ်းအဖွဲ့​တွေ ​ဘေးက​နေ ဖြတ်​လျှောက်သွားလိုက်သည်။အဲဒီ​နောက် သူ လ၀က်​လောက် မ​တွေ့ရတာ ကြာပြီဖြစ်တဲ့ မန်​နေဂျာကျန်းကို ဖက်လိုက်​လေသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now