အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)

5.3K 1K 78
                                    

Scroll down for Zawgyi.

Unicode

​ပေါ်ယွီရဲ့စာချုပ်က တစ်လ​လောက်​နေလျှင် သက်တမ်းကုန်​​တော့မည့်အချိန်တွင် ​ပေါ်ယွီရဲ့ပရိသတ်​တွေက Weibo စာမျက်နှာ၌ ​နောက်​နောင် သူတို့ရဲ့ idol နဲ့ ဘယ်ကုမ္ပဏီက အတူတွဲလုပ်မည်ဆိုတာကို သိရဖို့အတွက် စိတ်အားထက်သန်စွာ မှတ်ချက်​တွေ​ပေးကြ​လေသည်။

ဒါ့ပြင် သတင်း​ထောက်​တွေကလည်း ထိုအနံ့ကိုရပြီး  ​ပေါ်ယွီဟာ တင်းဖန်​အေဂျင်စီတွင် အလုပ်မလုပ်​တော့​ကြောင်း ချက်ချင်း သတင်း​ရေးကြ​တော့သည်။

သို့တိုင် အပြင်လူ​တွေ ခန့်မှန်း​နေကြတဲ့ ​ကောလဟာလ​တွေနဲ့ သွားပုပ်​လေလွင့် အတင်းအဖျင်းစကား​တွေကို ဂရုမစိုက်ဘဲ ​ပေါ်ယွီကမူ အားလုံး အာရုံစိုက်တာခံ​နေရတဲ့ သူတစ်​ယောက်အ​နေဖြင့် ၎င်းတို့ကို ဘာမှပြန်လည်တုန့်ပြန်မ​နေ​ချေ။ထို့​ကြောင့် သူ့ပရိသတ်​တွေက အနှီကိစ္စအား ပိုမိုစိုးရိမ်လာကြသည်။

ဧပြီလအ​စောပိုင်း၌ ​ပေါ်ယွီရဲ့ တရား၀င် Weibo acc မှ ​နောက်ဆုံးတွင် post အသစ်တက်လာခဲ့သည်။

​ပေါ်ယွီ V ; မင်္ဂလာပါ ၊ သူ​ဋ္ဌေး​ရေ ! ကျွန်​တော်က ​ပေါ်ကိုကို​လေးပါ !! [ Picture attached ] [ Picture attached ] [ Picture attached ]

ဓါတ်ပုံ​တွေထဲ၌ casual suit နဲ့ နုပျို​ချော​မော​နေတဲ့ ​ပေါ်ယွီက ပြင်သစ်ပြတင်း​ရှေ့တွင် မတ်တပ်ရပ်​နေကာ formal suit နဲ့ ရင့်ကျက်နူးညံ့​နေတဲ့ ချူဖန်းက အပြုံး​သေး​သေး​လေးတစ်ပွင့်ကို ချိတ်ဆွဲလျက် ​ပေါ်ယွီ့​ဘေးမှာ ရပ်​နေသည်။

​ပေါ်ယွီက Weibo စာမျက်နှာ​ပေါ်တွင် ထို post ကို တင်လိုက်တာနှင့်တစ်ပြိုင်နက် ပရိသတ်​တွေက မှတ်ချက်​ပေါင်းများစွာဟာ ဖုန်းဖန်သားပြင်၌ ​ပေါက်ကွဲထွက်လာခဲ့သည်။

[ အလုပ်အသစ်​ပြောင်းသွားပြီ​ပေါ့ !!! ဘာ​ကြောင့်မှန်းမသိ သူ​ဋ္ဌေးအသစ်နဲ့ ငါတို့ရဲ့ ​ပေါ်​ပေါ်က ​ကောင်း​ကောင်းကြီး လိုက်ဖက်​​နေတယ်လို့ ငါ ထင်တယ်။ ငါ အရမ်းကြီးများ ညစ်ညမ်း​နေတာလား​နော် ??? ]

[ ချူဖန်း !!! အား !!! ​ချော​မောခန့်ညားတဲ့ သူ​​ဋ္ဌေးနဲ့ ​ပေါ်​ပေါ်တို့ကြားမှာ ​ပြောပြလို့မရတဲ့ ပုံပြင်​လေးတစ်ပုဒ် ​သေချာ​ပေါက် ရှိရမယ်။ မိမိုက်​နေမှုကြီး​ကြောင့် ​သေဆုံး ]

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now