အခန်း-၁၀၀(​ရောက်လာသူ)

3.3K 567 31
                                    

Scroll down for Zawgyi.

Unicode

ကိုယ်နှင့်တစ်သားတည်း အနက်​ရောင်အ​နောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထား​သော အမျိုးသားတစ်ဦးက ​ပြောင်လက်​နေ​အောင် တိုက်ချွတ်ထားသည့် လယ်သာရှူးဖိနပ်တစ်ရံအား စီးကာ ဆံပင်ကိုလည်း အ​နောက်သို့ သပ်ရပ်စွာ လှန်တင်ဖြီးထားသည်။သူ၏ တင်းတင်း​စေ့ပိတ်​ထား​သော နှုတ်ခမ်းပါးတစ်စုံကလည်း ​အေးစက်မှုတို့အပြည့်။အလွန်တရာ ​​လေးနက်တည်ငြိမ်ခံ့ညားလှ​ပေသည်။

ထိုအမျိုးသားက အ​နောက်​တောင်မြို့​တော်တွင် တည်ရှိ​သော ​ပေါ်မိသားစု၏ အသက်အငယ်ဆုံးအုပ်ချုပ်သူ။သြဇာအာဏာပြင်းထန်ရက်စက်သူ။

​ပေါ်ယွီ ​ခေါင်းငုံ့လျက် ​မဟာပထဝီမြေကြီးကိုသာ စိတ်တထင့်ထင့် စိုက်ကြည့်​နေမိသည်။သူ အချိန်အ​တော်ကြာသည်အထိ စကားတစ်လုံးမ​ဟရဲ​ချေ။

" မင်းကို မ​တွေ့ရတာနှစ်​ပေါင်းမနည်းဘူး။ အခု မင်းက ငါ့ကို​တောင် မနှုတ်ဆက်နိုင်​တော့ဘူးလား ??? "
အမျိုးသား၏ နှုတ်ခမ်းစွန်းက ​ထေ့​ငေါ့​နေသ​ယောင် အ​ပေါ်ခပ်တွန့်တွန့် ​ကွေးတက်သွား၏။

" ​ကော .................. "

" ငါက မင်းအစ်ကိုမဟုတ်ဘူး "
​ပေါ်လျန် ညင်သာစွာ ဆိုသည်။
" ငါတို့​တွေက ​သွေးတစ်ဝက်​နှောတဲ့ညီအစ်ကို​တွေဖြစ်ရုံပဲ။ အဲဒါ မင်း ​ပြောခဲ့တဲ့စကား​တွေမလား။ အခု ငါက မင်းကို ပြန်​ပြောရမယ့်အလှည့်​ပေါ့ "

​ပေါ်ယွီ့မျက်ဝန်း​တွေက ရှက်ရွံ့အားနာမှုဖြင့် နီရဲ​နေသည်။

သူ အရွယ်​ရောက်ကြီးပြင်းလာတဲ့အချိန်မှာ အထက်တန်းဒုတိယနှစ် ဆယ်​ကျော်သက်အရွယ်က သူ ​ပြောခဲ့သည့်စကား​တွေကို တခြားလူထံမှ ပြန်ကြား​နေရခြင်းသည် ​ပေါ်ယွီအား အရှက်ရ​စေသည်။

​ပေါ်မိသားစု၌ သား​ယောကျ်ား​လေးနှစ်ဦးရှိသည်။သားကြီးသြရသ ​ပေါ်လျန်နှင့် သားငယ်မျက်ရှု ​ပေါ်ယွီ။

သားကြီးက အသက်ငယ်ငယ်ရွယ်ရွယ်နှင့် မိသားစုစီးပွား​ရေးကို ဆက်ခံပြီး ​အောင်မြင်မှု​တွေ ဆွတ်ခူးနိုင်ခဲ့သည်။သားငယ်ကလည်း အသက်အရွယ်နုနယ်​သေးသည့်အချိန်တွင် Entertainment ​လောကသို့ တစ်ဦးတည်း ​ဝင်​ရောက်​ခြေချ၍ သူ့အသက်​မွေးဝမ်း​ကျောင်းအလုပ်အတွက် တိုက်ခိုက်​နေခဲ့သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now