အခန်း-၉၈(ကလဲ့စား)

3K 527 12
                                    

Scroll down for Zawgyi.

Unicode

ဖုန်းချပြီး​သော် မူကြို​ကျောင်းအုပ်က ​ချန်ထင်းထင်းအား အေးစက်စွာ ကြည့်လျက် အမိန့်​ပေးလိုက်သည်။
" မင်းက အငြိုးထားတတ်တဲ့လူစားပဲ။ ဒီ​နေရာမှာ က​လေး​တွေကို စာသင်တဲ့အလုပ်က မင်းနဲ့ မသင့်​တော်ဘူး။ ဆို​တော့ မနက်ဖြန်ကစ ​ကျောင်းကို လာစရာမလို​ဘူး။ ​ငွေ​ကြေးစီမံ​ရေးဋ္ဌာနကို မင်းရဲ့ ဒီလအတွက် လစာထုတ်​ပေးဖို့ ငါ ​ပြောလိုက်မယ် "

ချန်ထင်းထင်းမှာ ​သွေးဆုတ်ဖြူ​ရော်သွားသည်။

ဟိုးတစ်ခါ သူမ၏ ​ပေါ့ဆမှု​ကြောင့် စုန့်ရှီလင်အ​မေက ဖရဲသီး​လေးကို ​ကျောင်းမှ ​ခေါ်သွားခဲ့သည်။သူမက ​ပေါ်ယွီထံ ထိုကိစ္စကို လုံးလုံး အ​ကြောင်းမကြားခဲ့​ချေ။​ပေါ်ယွီ မူကြို​ကျောင်းအုပ်ဆီ ကွန်ပလိန်းတက်ခဲ့ရာ မူကြို​ကျောင်းအုပ်က သူမ၏ အပိုဆု​ကြေး​ငွေများကို ဖြတ်​တောက်ပစ်ခဲ့သည်။သို့ဖြစ်၍ သူမက ​ပေါ်ယွီအား မ​ကျေပွဲ​တေးထားခဲ့သည်။

ယခုတစ်​ခေါက် ဖရဲသီး​လေးကို အင်တာဗျူးရန် စု​ဝေး​ရောက်ရှိ​နေ​ကြ​သော သတင်း​​ထောက်အုပ်စုအား မြင်​သောအခါ သူမက သူတို့​တွေ ​မူကြိုကျောင်းထဲ ၀င်လာလို့ရ​အောင် သံဂိတ်တံခါးကို ကလဲ့စား​ချေသည့်အ​နေနှင့် ဖွင့်​ပေးခဲ့သည်။

သူမ ​စိတ်ကူးထားသည်က သူမ တံခါးဖွင့်​ပေးလိုက်တာကို မည်သူမျှ မသိ​လောက်ဟု။သို့တိုင် သူမရဲ့လုပ်ရပ်ကို ​မူကြိုကျောင်းအုပ်က ​စောင့်ကြည့်ကင်မရာများကတစ်ဆင့် ရှာ​တွေ့သွားခဲ့သည်။​မူ​ကြို​ကျောင်းအုပ်က ​ကျောင်းသံဂိတ်တံခါးဟာ သူ့ဘာသာသူ အလိုလို ပွင့်​နေလိမ့်မည်မဟုတ်ဆိုတာကို သဘော​ပေါက်သည်။ထို့​ကြောင့် တံခါးဖွင့်​ပေးလိုက်တဲ့လူကို မူကြို​ကျောင်းအုပ်က သိုသိုသိပ်သိပ် စုံစမ်းခဲ့၏။

ဒါက မူကြို​ကျောင်းအုပ် ချန်ထင်းထင်းအား အလုပ်ထုတ်ရခြင်းတည်း။

ချန်ထင်းထင်းက နီရဲ​နေသည့် မျက်လုံးများနှင့်အတူ တအိအိ ငို​ကြွေး​နေသည်။
" အဲဒီလိုမလုပ်ပါနဲ့။ ကျွန်မ အမှားလုပ်ခဲ့မိမှန်း ကျွန်မ သိပါပြီ။ ကျွန်မက ​ပေါ်ယွီကို မုန်းတီး​နေခဲ့လို့ပါ။ အခုကစ ကျွန်မ ​သေ​သေချာချာ အလုပ်ကြိုးစားပါ့မယ်။ အမှား​တွေလည်း မလုပ်​တော့ပါဘူး "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now