အခန်း-၂၁(ပရိသတ်)

6.9K 1.1K 44
                                    

Scroll down for Zawgyi.

Unicode

ဖရဲသီး​လေးက က​လေးစီး​လျောထိပ်​လေးမှာ မတ်တပ်ရပ်​နေသည်။သူ လျောစီးလိုက်ပြီး ​အောက်ကို ​ရောက်​ရောက်ချင်းမှာပဲ ဖရဲသီး​လေးရဲ့ အင်္ကျီ​ကော်လံ​လေးဟာ ဖမ်းဆွဲခံလိုက်ရပြီး သူ ​ခြေတစ်လှမ်း​တောင် မ​ရွေ့နိုင်​တော့​​ပေ။

၀တုတ်​လေးရဲ့ မျက်နှာဝိုင်းဝိုင်း​လေးက ဖရဲသီး​လေးနားကို တိုးကပ်လာပြီး ​မေးလိုက်သည်။   " ​ပေါ်ရန်တင်း , ငါ မင်းကို ​မေးစရာရှိတယ် "

ဖရဲသီး​လေးက စ်တ်ဆိုးမာန်ဆိုးနဲ့ ၀တုတ်​လေးကို တွန်းထုတ်​ပေမယ့် သူ ၀တုတ်​လေးကို ​ရွေ့​အောင်မလုပ်နိုင်​ပေ။​ဖရဲသီး​လေးက စိတ်ဆိုးဆိုးနဲ့ ပြန်​ပြောလိုက်သည်။   " မင်း ဘာ​မေးချင်တာလဲ ? "

" မင်းရဲ့အ​ဖေက ​ပေါ်ယွီလား ? တီဗွီဇာတ်လမ်းတွဲ​တွေမှာ သရုပ်​ဆောင်တဲ့ တစ်​ယောက်​လေ "   ​​လေးနှစ်အရွယ် ၀တုတ်​လေးမှာ ကိစ္စအများကြီးနဲ့ပတ်သတ်ပြီး အ​ခြေခံနားလည်နိုင်စွမ်း​တော့ရှိသည်။

" ငါ မသိဘူး "   ဖရဲသီး​လေးက ရိုးရိုးသားသား အသံ​လေးနဲ့ ပြန်​ပြောလိုက်သည်။

ဝတုတ်​လေးဟာ ဖရဲသီး​လေးက အရူးတစ်​ယောက်ကျ​နေတာပဲလို့ ​တွေးလိုက်မိပြီး ​နောက်က​နေ iPad ကိုထုတ်ကာ ခလုတ်ဖွင့်လိုက်သည်။အဲဒီ​နောက်မှာ​တော့ screen ​ပေါ်တွင် ပုံတစ်ပုံ​ပေါ်လာသည်။၀တုတ်​လေးက ပုံကို အနီးကပ်ဆွဲပြပြီး ​မေးလိုက်သည်။   
" ဒါက မင်းအ​ဖေ​လေ ။ ဒီက​လေးက မင်းမဟုတ်လား ? "

ဖရဲသီး​လေးက စူးစိုက်ကြည့်ကာ ​ခေါင်းငြိမ့်ပြလိုက်သည်။

" ကောင်းတယ် ၊ အရမ်း​ကောင်းတယ် "   မျက်နှာဝိုင်းဝိုင်းနဲ့ မျက်လုံး​မှေး​မှေး က​လေး​လေးက ​လှောင်​ပြောင်လိုက်သည်။   " မင်းအ​​ဖေရဲ့ တီဗွီဇာတ်လမ်းတွဲ​တွေက တကယ့်ကို ဆိုးဝါးတာပဲ "

​ပြောပြီးတာနဲ့ ၀တုတ်​လေးက iPad ကိုယူကာ သွက်လက်စွာ တန်း​ပြေးထွက်သွား​တော့သည်။

ဖရဲသီး​လေးက​တော့ စိတ်ဆိုး​နေတဲ့ မျက်နှာအမူအရာ​လေးနဲ့အတူ ​မြေကြီး​ပေါ်ကို အားပြင်းပြင်းနဲ့ ​​ခြေဆောင့်လိုက်​လေသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now