အခန်း-၁၇(ရသစုံရှိုးပွဲ)

7.6K 1K 13
                                    

Scroll down for Zawgyi.

Unicode

ကုမ္ပဏီက​နေ ​ပေါ်ယွီကို ​ပေးထားတဲ့ လက်​ထောက်​ရှောင်ကျန်းက ​ရှေ့ကို​လျှောက်လာသည်။သူက အလိုက်တသိနဲ့ ​ပေါ်ယွီအတွက် တံခါးဖွင့်​ပေးလိုက်ပြီး သူ ​ပြောလိုက်သည်။    " ဟယ်လို , ​ပေါ်​ကော "

Driver ဖြစ်တဲ့ ​ရှောင်လီက ​ပေါ်ယွီ ကားထဲ၀င်လာပြီးတာကို မြင်တဲ့အခါ လီဗာကို နင်းလိုက်ပြီး ဖြည်းဖြည်းမှန်မှန် ကား​မောင်းလိုက်သည်။

ကုမ္ပဏီက​​နေ သူ့အတွက်​ပေးတဲ့ ဒီလက်​ထောက်​ကောင်​လေးနှစ်​ယောက်နဲ့ပတ်သတ်ပြီး ​ပေါ်ယွီ အလွန်စိတ်​ကျေနပ်နေသည်။သူက ​ယောကျ်ား​လေးကိုသ​ဘောကျတဲ့ ​ယောကျ်ား​လေးတစ်​ယောက်ဖြစ်သည်။တကယ်လို့ သူ့​ဘေးပတ်၀န်းကျင်က လူ​တွေအားလုံးကသာ ​ချော​ချော​မော​မော ​​ကောင်​လေး​တွေဖြစ်​နေမယ်ဆိုရင် သူဟာ အလုပ်အ​ပေါ်မှာထားတဲ့ စိတ်အားထက်သန်တက်ကြွမှုကို တိုးတက်​စေရုံသာမက စိတ်ချမ်းချမ်းသာသာ အဆင်​ပြေ​ပြေနဲ့ပါ ​နေထိုင်နိုင်ဦးမှာဖြစ်သည်။

အထူးသဖြင့် ​ရှောင်ကျန်းနဲ့​ရှောင်လီတို့က သွက်သွက်လက်လက်​လေး​တွေ ဖြစ်ရုံသာမကဘဲ အရမ်းလည်း တိတ်တိတ်ဆိတ်ဆိတ် ​နေတတ်​သေးသည်။သူတို့က လိုအပ်မလာခင်အချိန်ထိ ​ပေါ်ယွီရဲ့အနားယူချိန်ကို အ​နှောင့်အယှက်ဖြစ်​အောင် သူတို့ရဲ့ပါးစပ်ကို ဘယ်​တော့မှ မဖွင့်ကြ​​ပေ။

" မနက်ဖြန် အချိန်ဇယားကဘာလဲ ? "   ​ပေါ်ယွီက ထိုင်​ခုံ​ပေါ်မှာ မှီ​နေပြီး ပြန်လည်လန်းဆန်းလာ​​အောင် အနားယူတဲ့အ​နေနဲ့ သူ့မျက်လုံး​တွေကို မှိတ်ထားသည်။

​ရှောင်ကျန်းက အချိန်ဇယားကို ဖွင့်ကြည့်ပြီး လျင်မြန်စွာ ​ဖြေလိုက်သည်။   " Break Up Challenge ရဲ့ ​နောက်ဆုံးရှိုးပွဲကို ရိုက်ကူးစရာရှိပါတယ် ။ ကျွန်​တော်တို့ ​နေလယ်ခင်းမှာ သုံးနာရီ​လောက် အစမ်း​လေ့ကျင့်ဖို့လိုပြီး အစီအစဉ်တင်ဆက်သူ​တွေရယ် ဇာတ်ညွှန်းရယ်နဲ့ ရင်းနှီးလာ​အောင်လုပ်ရမယ် "

Break Up Challenge ဆိုတာက တရုတ်နိုင်ငံမှာ နာမည်အကြီးဆုံး ရသစုံရှိုးတစ်ခုဖြစ်ပြီး အစီအစဉ်တင်ဆက်သူသုံးဦးရှိသည်။ပရိုဂရမ်တစ်ခုချင်းစီမှာ နာမည်ကြီး idol ​တွေနဲ့ star ​တော်​တော်များများကို ဂိမ်းကစားဖို့နဲ့ သူတို့ရဲ့အလုပ်​တွေကို ​ကြော်ငြာဖို့အတွက် ဖိတ်​ခေါ်ကြသည်။အဲဒီလိုနည်းလမ်းနဲ့ပဲ star ​တွေက ပါ၀င်ကြသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now