အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)

3.5K 537 9
                                    

Scroll down for Zawgyi.

Unicode

အတိတ်က သူတို့နှစ်ဦး လမ်းခွဲပြတ်စဲခဲ့​သောကာလ၌ ​ပေါ်ယွီဟာ အိပ်​ပျော်ရင်း လမ်းထ​လျှောက်သည့်​ဝေဒနာအား ​နေ့စဉ်ရက်ဆက် ခံစားခဲ့ရသည်။သူ့ဘဝကို လမ်း​လျှောက်​နေ​သော အ​လောင်း​ကောင်ကြီးသဖွယ် ၊ ​ပြေးလွှား​နေ​သော လူခန္ဓာကိုယ်အသားတုံးကြီးအလား ကုန်ဆုံး​​စေခဲ့သည်။သူ့ဝမ်းဗိုက်က သိသိသာသာ မို့​ဖောင်းလာခိုက် ဟန်ကျစ်ယွီ အလုပ်လုပ်​သော ​ဆေးရုံသို့ ပျာပျာသလဲ သွား​ရောက်ခဲ့၏။

ရလဒ်က ..................

သူကိုယ့်သူ ကိုယ်ဝန်ရှိ​နေမှန်း သိလိုက်ရ​လေသည်။

​ယောကျ်ားတစ်​ယောက်က ဘယ်လိုလုပ် ကိုယ်ဝန်ရှိနိုင်မှာလဲ ???!!! အဓိပ္ပါယ်မဲ့လိုက်တာကြီး !!!

​ပေါ်ယွီရဲ့ကနဦးဆုံး တုံ့ပြန်ချက်က ဟန်ကျစ်ယွီအား ဟားတိုက်ရယ်​မောခြင်း​ပေ။ဟန်ကျစ်ယွီက သူ့ရဲ့သူငယ်ချင်း​ကောင်းတစ်​ယောက်ဆိုတာ ​ပေါ်ယွီ သိပါသည်။မဟုတ်ပါက သူ စိတ်ဆိုးလွန်းလို့ ဟန်ကျစ်ယွီကို ရန်ဖြစ်ရန် ခုန်အုပ်မိ​လောက်သည်။

သို့တိုင် ဟန်ကျစ်ယွီက အမျိုးသားတစ်​ယောက် ကိုယ်ဝန်​ဆောင်နိုင်​ကြောင်း တ​လေးတနက် ရှင်းပြ၍ ​ပေါ်ယွီကို Pregnancy Test Kit တစ်ခု ​ပေးသည်။

​ပေါ်ယွီ ​ဟန်ကျစ်ယွီ ​ပြောတာ​တွေကို မယုံ။သူ လမ်​ဘေး​ဆေးခန်း​သေး​သေး​လေးဆီ ရှက်ရွံ့စွာ သွားကာ Test Kit ဖြင့် စစ်​ဆေးကြည့်ရန် တိတ်တဆိတ် အိမ်ပြန်ခဲ့သည်။

စစ်​ဆေးမှုအ​ဖြေက သူ ​မျှော်လင့်ထားသလို မဟုတ်ခဲ့။

အဲဒီအချိန်က ​ပေါ်ယွီဟာ နှစ်ဆယ့်သုံးနှစ်သာ ရှိ​သေးသည်။ယခုကဲ့သို့ ရင့်ကျက်မှုတို့လည်း မပြည့်စုံ​သေး။ သူ ဘာလုပ်ရမလဲ ???

​ပေါ်ယွီ စုန့်ရှီလင်ကို စိုးရိမ်တကြီးနှင့် အထိတ်တလန့် ​ရှာ​ဖွေခဲ့သည်။သူ စုန့်ရှီလင်ကို ယုံကြည်အားကိုးသည်။ထို့​ကြောင့်လည်း စုန့်ရှီလင်ကို ရှာရန် အ​ပြေးအလွှားထွက်လာခဲ့ခြင်း။

စုန့်ရှီလင်တွင် ဤကိစ္စအတွက် ​ဖြေရှင်းနည်း ​သေချာ​ပေါက် ရှိ​နေလိမ့်မည်ဟု ​ပေါ်ယွီ သူ့ကိုယ်သူ ​တတွတ်တွတ် ​​ဖျောင့်ဖျနေခဲ့သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now