အခန်း-၁၁၂(သရုပ်မှန်)

2.1K 335 6
                                    

Scroll down for Zawgyi.

Unicode

နောက်ကွယ်က ​ပေါ်လျန်ရဲ့ရည်ရွယ်ချက်ရှိရှိ လှုပ်ရှားမှု​များ​ကြောင့် လီကျဲ ​ပေါ်ယွီ့နာမည်နှင့် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့သည့်တိုင် အင်တာနက်​ပေါ်က ပဋိပက္ခလှိုင်းလုံးကြီး​တွေဟာ ငြိမ်သက်သွားခြင်းမရှိဘဲ အ​ကြောင်းအရာ​ခေါင်းစီးက ပိုမိုက​သောင်းကနင်းပြင်းထန်လာခဲ့သည်။

ကြည့်ရတာ ​ပေါ်ယွီ့ကို ​နောက်တစ်ကြိမ် မတ်တပ်ပြန်မရပ်နိုင်​အောင်လုပ်ဖို့ တစ်​ယောက်​ယောက်က ဒီအခွင့်အ​ရေးကို အသုံးချ​နေပုံပဲ။

ရယ်ဟွမ်က အိမ်၌ အထိန်းအကွပ်မဲ့စွာ ​သွေးရူး​သွေးတန်း ရယ်​မော​နေခဲ့၏။

_______________

ချူး၀မ်၀မ်ရဲ့အပြစ်ရှိစိတ်ဟာ တစ်​နေ့တခြား ​လေးလံလာသည်။သူမ ထို​နေ့က ​ရယ်ဟွမ်အား အဆုံးထိ မတားနိုင်ခဲ့သည်ကို ​နောင်တရစပြု​နေသည်။ သူမ ဘာ​ကြောင့်များ ရယ်ဟွမ့်ကို ထင်ရာစိုင်းခွင့်ပြုလိုက်မိတာပါလိမ့် ???

သတင်းစာရှင်းလင်းပွဲ၏ ဦးတည်ချက်က ​သွေဖယ်သွားခဲ့သည့်အပြင် အင်တာနက်​ပေါ်ရှိ ​ကောလဟာလသတင်း​တွေကလည်း ပိုဝရုန်းသုန်းကားဖြစ်​နေသည်မို့ အလုပ်ကိစ္စများနှင့် လုံးလည်ချာလည်လိုက် အလုပ်ရှုပ်​နေ​သော ​ပေါ်ယွီခမျာ အွန်လိုင်းထက်က မုန်တိုင်းကြီးကို အမြန်ဆုံး ရှင်းထုတ်ပစ်ရန် ဆုံးဖြတ်ချက်ချလိုက်ရသည်။

​ပေါ်ယွီရဲ့'စပွန်ဆာသတင်း' ထွက်အပြီး ငါးရက်​မြောက်ည၀ယ် ​ကာယကံရှင်ကိုယ်တိုင်က ​ကောလဟာလများကို ငြင်းပယ်ရန် ​ပေါ်လာခဲ့သည်။

​\\\ ပေါ်ယွီ | V | : လတ်တ​လောပျံ့​နေတဲ့ ​ကောလဟာလ​တွေကို ကျွန်​တော် ကြားပါတယ်။ ကျွန်​တော် ​ပြောချင်တာတစ်ခုက လူတိုင်း ကြည့်လိုက်ကြပါ ///
ဗီဒီယိုအတို​လေးတစ်ပုဒ်နှင့်အတူ တွဲတင်ထားခြင်း။

၎င်းဗီဒီယိုထဲတွင် ဖုန်းကိုင်ထားတဲ့ ​ပေါ်ယွီက အလွန်လှပသည့် ဗီလာကြီး၏ လသာ​ဆောင်အစွန်၌ ရပ်​နေသည်။ညှင်းသွဲ့သွဲ့​လေ​ပြေတို့က ပွ​ယောင်း​ယောင်းဆံပင်​လေးများကို ကျီစယ်တိုက်ခတ်​နေ၏။ကိုယ်​ပေါ်ဖြာကျ​နေ​သော ​နေခြည်တို့က ကြည့်ရှူသူအ​ပေါင်းအား အ​နွေးဓါတ်အနည်းငယ် ​ပေး​နေသ​ယောင်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now