အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)

1K 161 2
                                    

Scroll down for Zawgyi.

Unicode

မနက်​စော​စော။​ပေါ်လျန်က ဟွားချန်မြို့​တော်အ​နောက်ဘက် ၊ မြန်နှုန်းမြင့်မီးရထားလမ်း​ဘေးရှိ အဆင့်မြင့်တိုက်ခန်းအိမ်ရာအ​ဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားအတွက် ပြင်ဆင်​နေသည်။

ဖွင့်ပွဲ​နေ့၀ယ် ၊ ​ပေါ်ယွီ ဖဲကြိုးဖြတ်မည့်သတင်းကို ကြား၍ ​ဝေလီ​ဝေလင်း လာ​ရောက်စု​ဝေး​နေကြ​သော ပရိသတ်အုပ်ကြီးက ပတ်၀န်းကျင်ကို စိတ်လှုပ်ရှားစွာ အကဲခတ်ရင်း ​ပေါ်ယွီအား ​စောင့်​မျှော်​နေကြသည်။

" ဘယ်လိုလုပ် ဖွင့်ပွဲမှာ လူအရမ်းများ​နေတာလဲ ??? "
အထပ်မြင့်အ​ဆောက်အအုံ​၌ ရပ်​နေသည့် ​ပေါ်လျန်က ပထမထပ်တွင် ကြိတ်ကြိတ်တိုး ​ဆောင့်​ကြောင့်ထိုင်​စောင့်​နေကြ​သော လူတစ်စုကို ငုံ့ကြည့်လျက် လက်​ထောက်ဖြစ်သူကို ​မေးလိုက်သည်။

လက်​ထောက်က တရိုတ​သေ ​ဖြေသည်။
" သူတို့​တွေက ဒုတိယသခင်​လေးရဲ့ပရိသတ်​တွေပါ။ ဒုတိယသခင်​လေး ဒီ​​နေ့ ဖဲကြိုးလာဖြတ်မယ်ဆိုလို့ မနက်အ​စောကြီးကတည်းက အ​ပြေးအလွှား ဒီကို ​ရောက်လာကြတာပါ "

​ပေါ်လျန်က ခပ်ဟဟ ရယ်သည်။အဘယ်​ကြောင့် ရယ်မှန်းကိုမူ ရှင်းရှင်းလင်းလင်း မသိရ။

​အောက်ထပ်တွင် ​ငွေဖြူ​ရောင် ဇိမ်ခံမှန်လုံကားရှည်ကြီးက ​မောင်း၀င်လာ၏။လည်တဆန့်ဆန့် ​စောင့်​နေကြ​သော ပရိသတ်အုပ်ကြီးကလည်း စတင် အုတ်အုတ်ကျက်ကျက်ဖြစ်လာသည်။နက်​စွေး​နေသည့် အ​နောက်တိုင်း၀တ်စုံကို ဆင်မြန်းထား​သော ​ပေါ်ယွီက ကားထဲက​နေ ထွက်အလာ ၊ ထိုပရိသတ်​တွေက ​ပေါ်ယွီ့ထံ ၀ရုန်းသုန်းကား ​ပြေးသွားကြသည်။

​​ပေါ်ယွီက ပရိသတ်​တွေ ​ပေးတဲ့ လက်​ဆောင်​သေး​သေးမွှားမွှား​လေး​တွေကို လက်ခံခဲ့သည်။​ခေါင်းငုံ့လို့ အမှတ်တရလက်မှတ် လိုက်ထိုး​ပေး​နေ၏။
" ဒီမှာ​စောင့်​နေတာ ဘယ်​လောက်ကြာပြီလဲ ??? "

ပေါ်ယွီ့​ရှေ့​ရောက်​အောင် လူအုပ်ကြီးကို တိုး​ဝှေ့ဖြတ်သန်းခဲ့ရ​သော ဂျင်းစကတ်နဲ့ မိန်းမ​ငယ်လေးက ​​တဒိန်းဒိိန်း ရင်ခုန်စိတ်လှုပ်ရှားမှုတို့တစ်၀က် ၊ ​ပျော်ရွှင်မှုတို့တစ်၀က်ဖြင့် အ​ယောင်​ယောင်အမှားမှား ဆိုသည်။
" သိပ်မကြာ​သေးပါဘူး။ ​​ပေါ်​ကော ၊ ညီမကို လက်မှတ်​တွေအများကြီး ထိုး​​ပေးလို့ရမလားဟင် ??? ညီမက ​ပေါ်​ကောဓါတ်ပုံ​တွေကို ​နေ့တိုင်း လျက်တာပါ "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now