အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)

5.8K 964 29
                                    

Scroll down for Zawgyi.

Unicode

အစီအစဉ်ရိုက်ကူး​ရေး​ကြောင့် အလုပ်များပြားလှတဲ့ တစ်​နေ့တာအပြီး ​ပေါ်ယွီခမျာ ပင်ပန်းနွမ်း​နယ်​နေတဲ့ ခန္ဓာကိုယ်ကို တရွတ်တိုက်အားတင်းဆွဲကာ အိမ်တံခါးကို ဖွင့်၍ ဧည့်ခန်းထဲသို့ လမ်း​လျှောက်၀င်လာသည်။သူ စုန့်ရှီလင် မအိပ်​သေးနေတာကို မြင်တဲ့အခါ ဒုတိယထပ်ဆီ အလိုလိုအကြည့်ပို့လိုက်မိရင်း ​မေးလိုက်သည်​။   " ဖရဲသီး​လေး အိပ်​ပျော်သွားပြီလား ??? "

စုန့်ရှီလင် ကွန်ပျူတာကို ပိတ်လိုက်ပြီး မီးဖို​ချောင်ထဲ ၀င်ကာ ​ပေါ်ယွီအတွက် စွပ်ပြုတ်တစ်ပန်းကန် သယ်လာလျက် ​ပြောလိုက်သည်။   " စားပြီးရင် ​ကောင်း​ကောင်းအနားယူ​တော့ "

" သူ ဒီမှာ​နေတာ ဘယ်လိုလဲ ??? ငို​နေ​သေးလား ??? "   စွပ်ပြုတ်​သောက်​နေရင်း ​ပေါ်ယွီ ​မေးကြည့်လိုက်သည်။

လွန်ခဲ့တဲ့နှစ်ရက်က ရသစုံရှိုးရိုက်ကူးတာ ၊ ဇာတ်လမ်းတွဲ မိတ်ဆက်​ကြော်ငြာတာ​တွေနဲ့ ​ပေါ်ယွီ လွန်စွာမှ အလုပ်ရှုပ်​နေခဲ့သည်။ဒါ​ကြောင့် အိမ်​ပြောင်း​ဖို့ရွေ့ဖို့ကိစ္စကို စုန့်ရှီလင်ပဲ လုံးလုံးလျားလျား တာ၀န်ယူ​ဆောင်ရွက်လိုက်ရသည်။

စုန့်ရှီလင်ဟာ မ​ကျေမနပ် ညည်းညူခြင်းအလျင်းမရှိဘဲ ​အိမ်​ပြောင်းတဲ့ကိစ္စကို အဆုံးသတ်လိုက်သည်။

" ဒါ​ပေါ့။ မင်း​လေးမရှိတာနဲ့ သူက အမြဲငို​နေတာ "   စုန့်ရှီလင် ဂရုမစိုက်စွာ ​ဖြေလိုက်သည်။   " အရင်တုန်းကလို မင်း ရုပ်ရှင်အ​ပေါ်မှာပဲ အာရုံစိုက်မယ်ဆိုရင် မင်း အရမ်းကြီး အလုပ်ရှုပ်မှာမဟုတ်​တော့ဘူး "

" ငါ ငါ့ရဲ့သား​လေးကို ပြုစုပျိုးထောင်ဖို့ ပိုက်ဆံရှာရမယ်​လေ။ ပိုက်ဆံမရှိဘဲ ငါ့သား​လေးကို ဘယ်လိုလုပ် ​စောင့်​ရှောက်နိုင်ပါ့မလဲ ??? ငါ့ကို အဲဒီလို မျက်လုံးကြီး​တွေနဲ့ လာကြည့်မ​နေပါနဲ့​နော်။ တကယ်လို့ မင်းလည်း အနာဂတ်မှာ အလုပ်ဆက်မလုပ်​တော့ရင် ငါက မင်းတို့နှစ်​ယောက်လုံးကို ​ကျွေးထား​ပေးမယ် "   ​ပေါ်ယွီက စုန့်ရှီလင် သူ့အတွက် အချစ်​တွေနဲ့ ချက်ထား​ပေးတဲ့ ညလယ်စာ စွပ်ပြုတ်ကို ​ပျော်ရွှင်စွာ သုံး​ဆောင်​နေသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now