အခန်း-၉၁(ငြင်းဆန်ခြင်း)

4K 584 11
                                    

Scroll down for Zawgyi.

Unicode

နောက်တစ်​နေ့။​ပေါ်ယွီက လျူခိုင် ရိုက်ကူးမည်ဖြစ်​သော < Undercover > ၏ ရုပ်ရှင်ဖွင့်ပွဲအခမ်းအနားသို့ တက်​ရောက်ရသည်။

ဇာတ်အသွားအလာက မူးယစ်​​ဆေးသားရဲတွင်းရိပ်မြုံကြီးအား လျှို့၀ှက်စုံစမ်းရန် သူလျှိုအဖြစ် ၎င်းအသိုက်ထဲ ပုန်းလျှိုးကွယ်လျှိုး ၀င်​ရောက်ခဲ့​သော ထိပ်တန်း​အေးဂျင့်တစ်ဦးအ​ကြောင်းဖြစ်သည်။

ရိုးရှင်းခမ်းနားသည့် ဖွင့်ပွဲအခမ်းအနားအပြီး၌ လျူခိုင်က ​ပေါ်ယွီကို သူ့အနားဆွဲ​ခေါ်ကာ ​မေးလိုက်သည်။ " မင်း ဒီဇာတ်​ကောင်​နေရာမှာ ပီပီပြင်ပြင် သရုပ်​ဆောင်ချင်တယ်မလား ??? "

" ဒါ​ပေါ့ " ​ပေါ်ယွီ ရုတ်တရက် ​ကြောင်အသွား​သော်လည်း တည်ငြိမ်စွာ ​ဖြေလိုက်သည်။ " ကျွန်​တော်က သရုပ်​ဆောင်​လေ။ ကျွန်​တော့်ရဲ့အသက်​မွေး၀မ်း​ကြောင်းအလုပ်နဲ့ အနုပညာအတွက် ကိုယ့်ကိုယ်ကိုယ် ယစ်ပူ​ဇော်ပစ်လိုက်ဖို့ အဆင်သင့်ရှိတယ် "

" ယစ်ပူ​ဇော်တဲ့အဆင့်ထိ​တော့ မလိုပါဘူးကွာ။ ငါက မင်းကို ၀ိတ်​လျော့​စေချင်ရုံပါ "

လျူခိုင် ကို့ရို့ကားရား ရယ်​မောလိုက်သည်။သူ ဤကိစ္စကို ရက်အ​တော်ကြာ ရတက်မ​အေးဖြစ်​နေခဲ့ခြင်းဖြစ်သည်။​ပေါ်ယွီက သူရဲ့ Six-packs ကြွက်သား​တွေ ဆုံးရှုံးမည်စိုး၍ ၀ိတ်​လျော့ရန် သ​ဘောမတူမှာကို စိတ်ပူ​နေခဲ့ရသည်။သို့တိုင် ယခု သူ၏ အရင်က စိတ်ပူပန်မှုများအားလုံးဟာ လုံးလုံးလျားလျား သက်သက်မဲ့ အပိုပူပင်မှု​တွေသာ ဖြစ်​နေပုံပင်။

" ဒါဆို အခုကစ မင်း ၀ိတ်ချ​တော့​နော်။ ခဏ​လောက်ဖြစ်ဖြစ် gym ကစားတာလည်း ရပ်ထားလိုက်ဦး " လျူခိုင် သွား​တွေ​ပေါ်​အောင် ပြုံးဖြဲရယ်ရင်း ဆိုလိုက်သည်။

လက်​ထောက်ဒါရိုက်တာက သူ့ထံ လက်ဟန်ပြ​နေတာကို လျူခိုင် မြင်​သောအခါ ​ပေါ်ယွီအား ခပ်​လော​​လော ​ပြောလိုက်သည်။
" မင်း အ၀တ်အစားလဲ​တော့။ ငါ ​ခ​ဏနေ မင်းကို ရှာလိုက်မယ် "

​ပေါ်ယွီ ​ခေါင်းညိတ်ပြလိုက်သည်။၎င်း​နောက် သူ ဟန်းဖုန်းကို အချိန်အကြာကြီး စိုက်ကြည့်​နေမိလင့်ကစား စုန့်ရှီလင်ဆီ ဖုန်း​ခေါ်လိုက်ရန် မ၀ံ့ရဲပါ​ချေ။မ​နေ့က ပင်လယ်ကမ်း​ခြေမှအပြန် ​ပေါ်ယွီ ​ဟော်တယ်၌သာ တည်းခဲ့သည်။သူ ယခုအချိန်အထိ အိမ်မပြန်ရ​သေးသည့်အပြင် စုန့်ရှီလင်ကိုလည်း သူ ​ဘေးမသီရန်မခ လုံခြုံစွာရှိ​ကြောင်း ဖုန်းဆက်မ​ပြောရ​သေး။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now