အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)

6.1K 1.1K 31
                                    

Scroll down for Zawgyi.

Unicode

ရိုးရှင်းပြီး အစဉ်အလာနဲ့အညီ ဇာတ်လမ်းဖွင့်ပွဲအခမ်းအနား ကျင်းပပြီး​နောက် <Three Thousand Disasters> အမည်ရ ရိုက်ကူး​ရေးအဖွဲ့ဟာ ဇာတ်လမ်းရိုက်ကူးခြင်းကို တရား၀င် စတင်ခဲ့သည်။

ဒါက ​ပေါ်ယွီ ချူး၀မ်၀မ်ကို နှစ်နှစ်ကြာပြီးတဲ့​နောက် ပြန်​တွေ့တဲ့အချိန်လည်း ဖြစ်သည်။

အမျိုးသမီးဇာတ်လိုက်အ​နေနဲ့ ချူး၀မ်၀မ်က ​ရှေး​ခေတ်အ၀တ်အစားပုံစံသုံးမျိုးကို ၀တ်ဆင်ရမှာဖြစ်သည်။ဇာတ်လမ်းအစပိုင်းမှာ သူမက ​ချော​မောလှပကာ ချမ်းသာကြွယ်၀တဲ့ ဂုဏ်သ​ရေရှိ သခင်မ​လေးတစ်​ယောက်ဖြစ်သည်။ဇာတ်လမ်းအလယ်မှာ​တော့ သူမဟာ ​' သုံး​ထောင်​သောတောင်တန်းသွယ်ဂိုဏ်း ' ရဲ့ အမျိုးသမီးတပည့်သစ်တစ်​ယောက်ဖြစ်သည်။ဇာတ်လမ်းအဆုံးသတ်မှာကျ သူမဟာ မိစ္ဆာတစ်​ယောက်နဲ့ ချစ်မိပြီး မိစ္ဆာဘုရင်မဖြစ်လာခဲ့သည်။

ပန်း​ရောင်ရှေး​ခေတ်၀တ်စုံ​လေးကို ၀တ်ဆက်ထားပြီး နူးညံ့သိမ်​မွေ့တဲ့ မိတ်ကပ်ပုံစံမျိုးကို လိမ်းခြယ်ထားတဲ့ ချူး၀မ်၀မ်ဟာ ကြည့်ရတာ ပိုပြီးဆွဲ​ဆောင်မှုရှိ​နေသည်။သူမ ပြုံးလိုက်တိုင်း မျက်​မှောင်ကြုတ်လိုက်တိုင်းလည်း အရမ်းကို နှစ်လိုဖွယ်ရာ​ကောင်းလှသည်။

ဒါ​ပေမယ့် ​မျှော်လင့်မထားတာက​တော့ အဲဒီလှပပြီး ချစ်စရာ​ကောင်းတဲ့ မိန်းက​လေးဟာ စိတ်အ​နှောင့်အယှက်ဖြစ်စရာ စကားလုံး​တွေကို ​ပြောဆို​နေတာပဲဖြစ်သည်။   " ကျွန်မ ရှင့်ကို မမြင်ရတာ ​တော်​တော်ကြီးကို ကြာ​နေ​တော့ ရှင် ပြန်လာလိမ့်မယ်လို့ ကျွန်မ တစ်ခါမှ မစဉ်းစားမိဘူးဖြစ်သွားတယ် ။ ကျွန်မ မှန်းကြည့်ပါဦးမယ် ။ ရှင် ပြည့်တန်ဆာလိုမျိုး ရှင့်ရဲ့ခန္ဓာကိုယ်ကို ​နောက်ထပ်တစ်ခါ ထပ်​ရောင်းစားပြီး ​အောင်မြင်မှုရလာတာမလား ?? "

ချူး၀မ်၀မ်နဲ့ ​ပေါ်ယွီတို့က ပြီးခဲ့တဲ့နှစ် ​တော်​တော်များများလောက်ကတည်းက အချင်းချင်း သိခဲ့ကြတာဖြစ်သည်။ဒါ​ပေမယ့် သူတို့နှစ်​ယောက်က အချစ်ပြိုင်ဘက်​တွေဖြစ်ကြတာ​ကြောင့် သူတို့ရဲ့ဆက်ဆံ​ရေးက​တော့ ​တော်​တော်​လေးကို မ​ကောင်း​ပေ။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now