အခန်း-၅၉(​ပျော်ရွှင်မှု)

7.3K 1.2K 36
                                    

Scroll down for Zawgyi.

Unicode

​ပေါ်ယွီ အချိန်အကြာကြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်​ပျော်သွားခဲ့သည်။

စုန့်ရှီလင် တံခါးဖွင့်ပြီး အထဲ၀င်လာတဲ့အချိန်တွင် အူတူတူ မျက်နှာအမူအရာ​​လေးနဲ့ ​ဖရဲသီး​​လေးက ပေါ်ယွီရဲ့ရင်ဘတ်​ပေါ်မှာ မျက်လုံး​လေး​တွေ ဖွင့်လျက်သား လှဲ​လျောင်း​နေတာကို ​တွေ့လိုက်ရသည်။သူ အကူအညီမဲ့စွာနဲ့ မျက်​မှောင်ကြုတ်လိုက်မိကာ က​လေးကို ဖယ်ဖို့အတွက် ​ရှေ့တိုးသွားလိုက်သည်။

​နေမ​ကောင်းဖြစ်​နေတဲ့အချိန်မှာ က​လေးကို သူ့ရင်ဘတ်​ပေါ် တက်အိပ်ဖို့ ဘယ်လိုများ ခွင့်ပြုထားနိုင်ရတာလဲကွာ ???

ဒါ​ပေမယ့် စုန့်ရှီလင် သူ ဖရဲသီး​လေးကို ​ပွေ့ချီလိုက်ချင်းမှာတင် ​ပေါ်ယွီ အိပ်ရာနိုးလာခဲ့သည်။အခန်းထဲတွင် စုန့်ရှီလင်ကို မြင်လိုက်ရတဲ့အခါ ​ကောင်း​ကောင်းမွန်မွန် ပဋိသန္ဓာရစကားဆိုဖို့ ​ပေါ်ယွီ အရမ်းကို နွမ်းနယ်နုံးချည့်​နေတာ​ကြောင့် ရင်းနှီး​ဖော်​ရွေစွာသာ ပြုံးပြလိုက်သည်။

စုန့်ရှီလင်က ​ပေါ်ယွီ သူ့ကို စကားမဆိုဘဲ ပြုံးရုံပြုံးပြလိုက်တာအား စိတ်ထဲ ဘယ်လိုမှမ​အောက်​မေ့ဘဲ ဆိုဖာ​ပေါ် ထိုင်ကာ ​ပြောလိုက်သည်။   " မင်း ဘယ်လို​နေ​သေးလဲ ??? "

​စောင်​အောက်က ​ပေါ်ယွီ့လက်​တွေဟာ သူ့ဗိုက်​လေး​ပေါ်ကို ဖြည်းညင်းစွာ အုပ်ကိုင်လိုက်ပြီး သူ့ရဲ့တည်ငြိမ်​အေး​ဆေးဟန်ကို​တော့ ထိန်းသိမ်းထားသည်။   " အများကြီး ပို​ကောင်းလာပါပြီ "

" မင်း ဘာ​ရောဂါလဲ ??? "   စုန့်ရှီလင် ဆက်​မေးလိုက်သည်။

​ပေါ်ယွီက သူ့နှုတ်ခမ်း​တွေကို တွန့်​ကွေး​စေလိုက်ပြီး အချိန်အ​တော်ကြာမှ ပြန်​ဖြေလာသည်။   " အဖျား​ရောဂါ​ဟောင်းပါ။ ဒါနဲ့ ကိစ္စ​တွေအကုန်လုံး ​ဖြေရှင်းပြီးသွားပြီလား ??? "

အဖျား​ရောဂါ​ဟောင်း ??? ဘယ်လိုအ​ဖျား​ရောဂါမျိုးမို့လို့ သူ့ကို ကြမ်းပြင်တစ်ခုလုံး နီရဲသွား​အောင် ​သွေး​တွေ ထွက်​စေရတာလဲ !!!

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now