အခန်း-၁၂၈(ခြင်များ)

1.2K 188 7
                                    

Scroll down for Zawgyi.

Unicode

ပေါ်ယွီ့ကို ဖက်ထားတဲ့ ဖရဲသီး​လေးက သူ့ပါးပါးရဲ့ခန္ဓာကိုယ်အ​ပေါ်ပိုင်းကို ထူးဆန်းစွာ လက်ညှိုး​လေး​တွေ ထိုးပြ​နေသည်။
" ပါးပါး ၊ ခြင်ကြီး​တွေက ပါးပါးကို ကိုက်သွားတယ် ??? "

​ပေါ်ယွီ သူ့ကိုယ်သူ ​အောက်ငုံ့အကြည့် ၊ အ၀တ်မဲ့​နေ​သော ခန္ဓာကိုယ်အ​ပေါ်ပိုင်းတွင် အချစ်ခံထားရသည့် အမှတ်အသားရာများက ဟိုတစ်စ ဒီတစ်စ အပြန့်ပြန့်အကျဲကျဲ နီရဲ​နေသည်။​ပေါ်ယွီ က​လေး​လေးရဲ့အထူးတဆန်း အံ့သြ​နေသည့် မျက်လုံး​တောက်​တောက်​လေး​တွေကို ​ပြောင်​ပြောင်တင်းတင်း ရင်ဆိုင်ကာ ​ဖြေချလိုက်သည်။
" ဟုတ်တယ် "

" အဲဒါဆို ခြင်​တွေက ဘာလို့ ဒက်ဒီ့ကို​ကျ မကိုက်ကြတာလဲဟင် ??? "
​ဖရဲသီး​လေးက ​​ခေါင်း​လေး​စောင်းလျက် ​ပေါ်ယွီ့မျက်၀န်း​တွေကို ပူးပူးကပ်ကပ် စိုက်ကြည့်​နေသည်။​ပေါ်ယွီ့ဆီကအ​ဖြေအား ငံ့လင့်စူးစမ်း​နေသည့်နှယ်။

​ပေါ်ယွီ ကို့ရို့ကားယားနိုင်စွာ ရယ်​မောလိုက်ပြီး က​လေး​လေးကို မည်သို့မည်ပုံ ညာ​ပြောရမလဲ စဉ်းစားသော်ငြား အချိန်အတန်ကြာသည်အထိ အကြံထွက်မလာသည်မို့ စိတ်ကူးထဲကြုံရာ ​ကောက်​ပြောလိုက်၏။
" ဘာလို့ဆို ပါးပါးကို ကိုက်သွားတဲ့ခြင်​ကြီးက အလှမက်တဲ့ အကောင်​ကြီးလေ "

မနက်စာနဲ့အတူ အခန်းထဲဝင်လာ​​သော စုန့်ရှီလင်က ​ပေါ်ယွီ့စကားကို ကြား​သောအခါ ခပ်တည်တည် ​မေးသည်။
" ဒါနဲ့ ကိုယ့်ကို ကုတ်ခြစ်သွားတဲ့ခြင်က​ရော ဘာအမျိုးအစားဖြစ်​လောက်မလဲ ??? "

စုန့်ရှီလင် မနက်​စော​စော အိပ်ရာနိုးတုန်းက သူ့​ကျောဟာ စပ်ဖျဉ်းဖျဉ်း။မှန်ထဲ၌ မိမိ​ကျောပြင်ကို သွားကြည့်လိုက်စဉ် အနီစင်းကြောင်း ကုတ်ခြစ်ရာများက သူ့​ကျောတွင် ​နေရာယူ​နေသည်။

​ပေါ်ယွီ မျက်နှာ​လေး နီ​စွေးသွား၏။
" အဲဒီခြင်က ဖြူစင်ရိုးသားသိမ်​မွေ့တဲ့ခြင်လေးပဲ ဖြစ်ရမယ် "

မျက်နှာ​တည်ကြီးနှင့် စုန့်ရှီလင်က မနက်စာဗန်းကို စားပွဲမှာ ချ၍ ​ပေါ်ယွီ့လက်​​မောင်းထဲတွင် ​ခွေလှဲ​နေ​သော ဖရဲသီး​လေးအား ကြည့်လိုက်သည်။
" ​ကျောင်းသွားဖို့ အဆင်သင့်ပြင်​ချေ။ သားရဲ့ပါးပါးက မနက်စာစားရဦးမယ် "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now