အခန်း-၁၂၇(လိုက်ဖက်ညီမှု)

1.3K 184 4
                                    

Scroll down for Zawgyi.

Unicode

ဟော့​ပေါ့အစွမ်း အံ့မခမ်းပါတည်း။

အကြောင်းမှာ ​မေးထူး​ခေါ်​ပြောအဆင့် သာမာန်မိတ်​ဆွေနှစ်​ယောက်အား အစစအရာရာ ဖွင့်ဟ​ဆွေး​နွေးနိုင်​သော သူငယ်ချင်းအရင်းကြီးများအဖြစ်သို့ ​ပြောင်းလဲ​ပေးလိုက်သည်။

ဘီယာ​လေး သုံး​လေးကျိုက်မျှ၀င်​သော် ၀မ်းဟယ်ရှန်းတစ်​ယောက် ကရား​ရေလွှတ် တတွတ်တွတ် ​လေ​ရွှင်လာသည်။သူက ထိုင်ခုံကိုပင် ​ပေါ်ယွီ့အနား ဇွတ်အတင်းတိုး​ရွှေ့ကာ ခါးခါးသီးသီး ဆိုသည်။
" အစက ငါ သူ့ကို လက်ထပ်ခွင့်​​တောင်းဖို့ပါပဲ ၊ ဒါ​ပေမယ့် သူက ငါနဲ့လမ်းခွဲမယ်တဲ့ ၊ ငါ ... ငါ ... "

" အင်း ၊ အင်း။ ဆက်​ပြောပါဦး "
​ပေါယွီ အမဲသားလွှာများကို ​ဆော့အနှစ်ထဲ ပယ်ပယ်နယ်နယ် နှစ်လျက် ပါးစပ်ထဲ ထိုးသိပ်ထည့်လိုက်သည်။ထို့​နောက် ဘီယာတစ်ငုံ​မော့၏။အရသာရှိလှ​ပေစွ။

​ဆောင်းရာသီတွင် ဘီယာ​အေး​အေးလေး​သောက်ရသည်က လန်း​ဆန်းတက်ကြွသွား​စေသည်။

၀မ်းဟယ်ရှန်းမျက်နှာက တရှုံ့ရှုံ့တမဲ့မဲ့။
" ငါကကွာ ​စေ့စပ်လက်စွပ်​​တောင် ပြင်ထားခဲ့တာကို သူက ငါနဲ့ပြတ်မယ်ချည်း ​ပြော​​နေတယ်။ မင်း ငါ့ရဲ့ဒီ​ဝေဒနာ​တွေကို နားလည်ရဲ့လား ??? "

" သူက ဘာလို့ ခင်ဗျားနဲ့လမ်းခွဲချင်တာတဲ့လဲ ??? "

" ငါ့အလုပ်က အ​နောက်​တောင်မြို့​တော်သစ်မှာ ၊ သူ့အလုပ်က ဟွားချန်မှာ​။ ဘွဲ့ရကတည်းက ငါတို့ LDRS အ​နေနဲ့ ဖြတ်သန်းခဲ့ကြတာ။ ​နှစ်​ယောက် ဆုံဖြစ်ကြတာကနည်းနည်း ၊ ခွဲ​နေရတာက များများ "
၀မ်းဟယ်ရှန်းက ဘီယာပုလင်းကို ၀မ်းပန်းတနည်း ​ကောက်ကိုင်လိုက်သည်။

ခြုံငုံသုံးသပ်ရလျှင် ဝမ်းဟယ်ရှန်း​ကောင်မ​လေးက ရပ်​ဝေး​မြေခြားချစ်သူဘ၀ကို ရပ်​ဝေး​မြေခြားအိမ်​ထောင်​ရေးဘ၀သို့ အဆင့်တွန်းတင်လိုဟန်မတူ။ထို့​ကြောင့် ပွင့်ပွင့်လင်းလင်း လမ်းခွဲခဲ့ခြင်း။

ဝမ်းဟယ်ရှန်းစကား​တွေက စုန့်ရှီလင်ရည်းစား​လေးရဲ့​ယောကျ်ားဆန်မှု​တွေကို နှိုးထသွားမိသည်။​ပေါ်ယွီက ၀မ်းဟယ်ရှန်း​ခေါင်းကို သူ့ရင်ဘတ်မှာ ​ဆောင့်ဆွဲအပ်ကာ တစ်ဖက်လူပခုံးအား အ​တော်​လေးစာနာ​ထောက်ထားကြင်နာစွာ ပုတ်​ပေးလိုက်သည်။
" ငိုချလိုက် ၊ ငိုချလိုက် "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now