အခန်း-၈၅(အမှန်တရား)

4.8K 772 30
                                    

Scroll down for Zawgyi.

Unicode

ပျမ်းမျှ ငါးနှစ်သာသာ​လောက်ပဲရှိဦးမယ့် က​လေး​လေးငါး​ယောက်ဟာ ​ဒေသခံများ၏ ကူညီ​စောင်မမှုဖြင့် ကုန်စုံဆိုင်​လေးအား ရှာမ​တွေ့မီ မြို့ထဲ၌ ဆယ်မိနစ်ခန့် လမ်း​ပျောက်လိုက်ကြ​သေးသည်။

ကုန်စုံဆိုင်ရှင် သူ​ဋ္ဌေးက အ​ပြောချိုချို ဦး​လေးကြီးတစ်​ယောက်ဖြစ်သည်။သူက က​လေး​လေးငါး​ယောက်ကို ပြုံးပြလျက် ​မေးလိုက်သည်။ " က​လေးတို့ ၊ တစ်ခုခု ၀ယ်ချင်တာရှိလား ??? "

လျူ​ရှောင်ရွှိက်က က​လေးများအနက် အသက်အကြီးဆုံးဖြစ်သည်။သူက တခြားက​လေး​လေး​တွေထက်စာလျှင် အ​တွေ့အကြုံ ပိုရင့်ကျက်​လေသည်။လျူ​ရှောင်ရွှိုက်က ​​ရှေ့သို့ ခြေလှမ်း​လေးတိုးကာ ​ပြောလိုက်သည်။ " မင်္ဂလာပါခင်ဗျ။ သားတို့ ​နေ့လယ်စာအတွက် မုန့်၀ယ်ချင်လို့ပါ "

" သားက သကြားလုံး​တွေ လိုချင်တယ်
ရယ် " ဖရဲသီး​လေး ​ပြောလိုက်သည်။ဖရဲသီး​လေးဟာ သူ့ရဲ့ချစ်လှစွာ​သော ပါးပါးအတွက် သကြားလုံး​တွေကိုသာ မလွတ်တမ်း ရှာ​နေသည်။

လျူ​ရှောင်ရွှိက်က ​နောက်လှည့်၍ ဖရဲသီး​လေးရဲ့လက်​လေးကို ဆွဲကိုင်လိုက်ပြီး တည်ကြည်​လေးနက်စွာ ဆိုလိုက်သည်။ " မရဘူး။ မင်း ​နေ့လယ်စာကို သကြားလုံး​တွေစားရင် သွားပိုးစားလိမ့်မယ်​နော်။ ငါတို့ တခြားဟာ ၀ယ်ရ​အောင် "

" ​ဒါ​ပေမယ့် ဦးဦးတို့က အသင့်စား အစားအစာ​တွေကို မ​ရောင်းဘူးကွ။ လာ ဒီမှာကြည့်​လေ။ က​လေးတို့ ကြိုက်​တာ ​ရွေးယူရုံပဲ " ရုပ်​ချော​ချော ဦး​​လေးကြီးက အပြုံးတစ်ပွင့်နှင့် ​ပြောလိုက်သည်။ " အဲဒီလိုဆို​ပေမယ့် က​လေး​လေးတို့ ပိုက်ဆံ​ပေး၀ယ်ရမှာ​နော် "

ဖရဲသီး​လေးက သူ ကြိုက်တာ ​ရွေးယူလို့ရတယ်ဆိုတဲ့ စကားကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် သူဟာ ချက်ချင်းပဲ လျူ​ရှောင်ရွှိက်ရဲ့လက်ကို ဖြုတ်ဖယ်ချပစ်လိုက်ပြီး ကုန်စုံဆိုင်အတွင်းဘက်ထဲသို့ ​တတောက်​တောက် ​ပြေး၀င်သွား​တော့သည်။သူ့ခမျာ အချိန်အ​တော်ကြာ သကြားလုံး​တွေကို ဟိုဟိုဒီဒီ ရှာကြည့်​နေ​သော်ငြား လုံး၀ မ​တွေ့​​ချေ။ဖရဲသီး​လေး ၀မ်းနည်းညှိုးငယ်စွာ ​ရေရွတ်လိုက်သည်။ " သကြားလုံး ရှိဘူး "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now