အခန်း-၂၉(လှည့်ကွက်)

5.9K 1.1K 22
                                    

Scroll down for Zawgyi.

Unicode

​ပေါ်ယွီဟာ ရှာရှန်းမြို့မှာ outdoor scene ​တွေ ရိုက်ကူးရင်း အလုပ်ရှုပ်​နေဆဲဖြစ်တာ​ကြောင့် သူက ဟွားချန်မြို့​တော်မှာ ဘာ​တွေဖြစ်​နေသလဲဆိုတာ လုံး၀မသိ​ပေ။

" Cut ! Cut ! Cut !!! "   ဒါရိုက်တာချွီက ချူး၀မ်၀မ်ကို ​ဒေါသတကြီးနဲ့ လက်ညှိုး​ငေါက်ငေါက်ထိုးကာ ဆူပူကျိန်ဆဲ​နေသည်။   " ချူး၀မ်၀မ် , မင်း တယ်ဒုံး​ဝေးပါ့​ရော ။ ငါက အမျိုးသားဇာတ်လိုက်ကို နမ်းရုံ​လေး​လေးဖို့ပဲ မင်းကို ​ပြောတာပါ !!! ပြင်သစ်အနမ်းလည်းမဟုတ်ဘူး !!! မင်း သူ့မျက်နှာ​ပေါ် နမ်းတာ​တောင် မနမ်းနိုင်ဘူးလား ?! "

ဒါရိုက်တာချွီက သူမကို ဆူပူကြိမ်း​မောင်း​နေတဲ့အချိန်မှာ ချူး၀မ်၀မ်က မည်း​မှောင်​နေတဲ့ မျက်နှာနဲ့အတူ မတ်တပ်ရပ်​နေပြီး ဘာမှမ​ပြော​ပေ။

အစက သစ်ပင်ကို မှီပြီး ​မေ့​မြော​နေတဲ့ ​ပေါ်ယွီဟာ သူ့မျက်လုံး​တွေကို ဖွင့်လိုက်ပြီး ဒါရိုက်တာချွီကို မလွန်ဆန်နိုင်ဖြစ်​နေတဲ့ ချူး၀မ်၀မ်ကို စိတ်၀င်တစား ကြည့်လိုက်သည်။

ဒါက အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်တို့ အန္တရာယ်ဖြစ်​နေတဲ့ ဇာတ်၀င်ခန်းဖြစ်သည်။ကျွင်းရွှီအာကို ကာကွယ်​ပေးပြီး​နောက် ကျူးယာက ​ခေတ္တ သတိ​မေ့​မြောသွားခဲ့သည်။ကျူးယာကို ဆယ်စုနှစ်များစွာ ချစ်ခင်ခဲ့ရတဲ့ ကျွင်းရွှီအာက ကျူးယာ​ မေ့​မြော​နေတာကို မြင်ပြီး အကူအညီမဲ့စွာနဲ့ ကျူးယာကို နမ်းလိုက်မိ​လေသည်။

ဇာတ်၀င်ခန်းရဲ့ အလှအပရသကို ​ပေါ်လွင်​စေဖို့အတွက် ကျွင်းရွှီအာက ကျူးယာရဲ့ပါးပြင်ကိုသာ နမ်းရမှာဖြစ်သည်။

ဒါ​ပေမယ့် အဲဒီလိုဆိုရင်​တောင် ချူး၀မ်၀မ်က​တော့ အဲဒါကို မလုပ်နိုင်​ပေ။

သူမက ​ပေါ်ယွီကို မြင်တဲ့အခါတိုင်း သူမ ဘယ်​လောက်​တောင် သူ့ကို ရွံရှာမိ​နေသလဲဆိုတာ ဘုရားသခင်သာ သိသည်။ပြီး​တော့ သူမက စုန့်​ကောကို ညစ်ညမ်း​စေခဲ့တဲ့ gay ​ကောင်ကို တကယ် သတ်ပစ်ချင်တယ် !!!

အဲဒါ​ကြောင့် သူမက သူမအရမ်းမုန်းတဲ့လူကို  နမ်းရမှာထက် ​သေသာ​သေလိုက်​တော့မယ် !!!

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now