အခန်း-၄၃(​မော့ကုမ္ပဏီ)

6.6K 1.1K 10
                                    

Scroll down for Zawgyi.

Unicode

​ပေါ်ယွီရဲ့ရိုက်ကွင်းက ​နောက်ဆုံး အဆင့်ကို ​ရောက်လာပြီဖြစ်သည်။ည​နေခင်းအချိန် မိုးဖွဲ​လေး​တွေ ရွာ​နေ​တော့သည်။

ကျူးယာအမည်ရ ရှန်းကျွင်းဟာ ဖြူ​ဖွေးပြီး ခန့်ညားထည်ဝါတဲ့ ၀တ်စုံကို ၀တ်ဆင်ထားသည်။​လေ​နုအေးများက သူ့ရဲ့ပိတုန်း​ရောင် ဆံနွယ်ရှည်​တွေအ​ပေါ် ဖြတ်သန်းတိုက်ခတ်​​သွားပြီး ကျူးယာရဲ့မျက်နှာအမူအရာက​တော့ ​အေးစက်လို့​နေသည်။သူက ဓါးရှည်ကို ကိုင်စွဲကာ ရပ်​နေရင်း ဆန့်ကျင်ဘက်အရပ်မှာရှိ​နေတဲ့ အနီ​ရောင်၀တ် အမျိုးသမီးကို ဥ​ပေက္ခာပြုစွာ ဆက်ဆံ​နေသည်။

အနီ​​ရောင်၀တ်စုံဟာ မီးလျှံသဖွယ်ပင်ဖြစ်သည်။ဟိုးအတိတ်ကာလတစ်ချိန်တုန်းက နူးညံ့သိမ်​မွေ့ပြီး ချစ်စရာ​ကောင်းတဲ့ တပည့်မ​လေးဟာ မိစ္ဆာအဖွဲ့၀င် သူ​တော်စင်အဖြစ် ​ပြောင်းလဲသွားခဲ့ပြီး ကုန်း​မြေ​​ဒေသကို ကြီးစိုးခြယ်လှယ်​နေသည်။

" ဒီ​နေ့ , ငါ ကျူးယာက သုံး​ထောင်​သော ​တောင်တန်းသွယ်ဂိုဏ်းအတွက် မိစ္ဆာအဖွဲ့သား​တွေကို ​မောင်းထုတ်ပစ်မယ် !!! "

ကျွင်းရွှီအာက သူမရဲ့လက်ထဲမှာ ​မှော်ထီးတစ်လက်ကို ကိုင်​ဆောင်ထားပြီး ပါးလွှာတဲ့ အနီ​ရောင် ပိတ်ကျဲ၀တ်စုံဟာ ​လေမှာ တဖျပ်ဖျပ် လွန့်လူး​နေသည်။သူမရဲ့​ခြေကျင်း၀တ်မှာ ​မှော်ခြူ​ခေါင်း​လောင်း​လေး​တွေကို ၀တ်ဆင်ထားကာ သူမရဲ့​ခြေဖဝါး​တွေ ညင်သာစွာ ​ရွေ့လျားလိုက်တိုင်း ခြူ​ခေါင်း​လောင်း​လေး​တွေက​​နေ အသံမြည်လာ​တော့သည်။အဲဒီတစ်ခဏမှာ သူမက မ​ကောင်းတဲ့ လူတစ်​ယောက်ကို ​ရှောင်လွှဲလို့ မရနိုင်တဲ့ အိမ်မက်ဆိုး​​တွေဆီ ​ခေါ်​ဆောင်သွား​ပေးနိုင်​လေသည်။

ကျွင်းရွှီအာရဲ့မျက်နှာမှာ နှစ်လို့ဖွယ်ရာ အပြုံး​လေးတစ်ခု ရှိ​နေသည်။ " ရှန်းကျွင်း , ရှန်းကျွင်းက ရွှီအာရဲ့အသက်ကို တကယ် လိုချင်​နေတာလားဟင် ? ရှန်းကျွင်းက လုံး၀ကို အသည်းနှလုံးမရှိတာပဲ​နော် "

ရုတ်တရက် ကျူးယာရဲ့ဓါးရှည်ဟာ ၀င်းလက်သွားပြီး ​ကောင်းကင်​ရော မဟာပထဝီ​မြေကြီးပါ အ​ရောင်​ပြောင်းလဲလာ​တော့သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now