အခန်း-၆(တိတ်တခိုးအချစ်)

9.7K 1.4K 39
                                    

Scroll down for Zawgyi.

Unicode

အခု မြို့ပြတီဗွီဇာတ်လမ်းတွဲက အမျိုးသား​တွေကို ဗဟိုပြု ရိုက်ကူးထားခြင်းဖြစ်သည်။ဒါ​​ပေမယ့် ဇာတ်လိုက်အမျိုးသားနဲ့ဇာတ်လိုက်အမျိုးသမီးတို့ရဲ့ romanceအခန်း​တွေကလည်း အရမ်းအ​ရေးပါသည်။အကယ်၍ မဟုတ်လျှင် ဒီဇာတ်လမ်းတွဲတစ်ခုလုံးမှာ ပရိသတ်​တွေကို ဆွဲ​ဆောင်ဖို့အတွက်ဆိုပြီး အမျိုးသား​တွေရဲ့ လိင်တူဇာတ်၀င်ခန်း​တွေချည်းဖြစ်​နေလျှင် ratingကျသွားလိမ့်မည်။

တတိယ​မြောက်အမျိုးသားဇာတ်ရံ​နေရာကဖြစ်တာ​ကြောင့် ​ပေါ်ယွီ သရုပ်​ဆောင်စရာ အပိုင်း​တွေက အရမ်းမများ​ချေ။ပြီး​တော့ ဒီတီဗွီဇာတ်လမ်းတွဲမှာ အပိုင်းသုံးဆယ်သာ ပါ၀င်သည်။ဒါ​ကြောင့် သူ ရိုက်ရမယ့်အခန်းအားလုံးကို လတစ်၀က်​ကျော်​ကျော်​လောက်နဲ့ ရိုက်ကူးပြီးသွားပြီဖြစ်သည်။

​ပေါ်ယွီက အခု ပြန်​ရောက်လာတာ အရမ်းမကြာ​သေးတာ​ကြောင့် သူ ရရှိတဲ့၀င်​ငွေက သိပ်မများ​ပေ။သူ့ရဲ့​အေဂျင်စီကို ခွဲ​ပေးလိုက်ရတဲ့ပိုက်ဆံ နှုတ်ပြီးတဲ့အခါ သူမှာ ယွမ်တစ်သိန်းခွဲသာရ​တော့သည်။

ဒါ​ပေမယ့် သာမာန်လူတစ်​ယောက်အတွက်က​တော့ လ၀က်​လောက်အတွင်းမှာ ယွမ်တစ်သိန်းခွဲရတယ်ဆိုတာ ​တော်​တော်များ​နေပြီဖြစ်သည်။

​ပေါ်ယွီက အဲဒါ​တွေကို ဂရုမစိုက်​ပေ။သူ့ acc ထဲကို ပိုက်ဆံ​ရောက်မလာခင်မှာပဲ သူက ​ပျော်ရွှင်စွာနဲ့ အတူတူ hotpot စားဖို့ ဖရဲသီး​လေးကို ​ခေါ်သွားလိုက်သည်။

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

အစည်းအ​ဝေးပြီးလို့ ရုံးခန်းပြန်​ရောက်တဲ့အခါ စုန့်ရှီလင်က သူ အတည်ပြု​ပေးဖို့လို့တဲ့အ​ရေးကြီး စာရွက်စာတန်း​တွေကို လင်မှတ်ထိုး​ပေးပြီး​နောက် ​ဘေးမှာရှိ​နေတဲ့ ဖိုင်တွဲကို တစ်ချက်ကြည့်လိုက်သည်။

ခဏ​လောက် တိတ်ဆိတ်သွားပြီး​နောက် စုန့်ရှီလင်ဟာ အဲဒီဖိုင်တွဲကို သူ ​စော​စော​လေးတုန်းက ကြည့်ပြီးပြီဖြစ်တာ​ကြောင့် ဖိုင်ကို ​ကောက်ကိုင်လိုက်ကာ အထဲက စာရွက်​တွေကို ဖျက်ကနဲ ကြည့်လိုက်သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now