အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)

1.1K 182 5
                                    

Scroll down for Zawgyi.

Unicode

ပေါ်ယွီ ​ရေချိုးခန်းထဲက ထွက်လာတဲ့အချိန်မှာ အိပ်ခန်းထဲတွင် စုန့်ရှီလင်က ရှိ​မ​နေ။ထိုအစား ဧရာမနှင်းဆီပန်းစည်းကြီးတစ်ခုက ​နေရာယူထားသည်။

စုန့်ရှီလင် ဒီလူကြီး romantic ဆန်ရ​ကောင်းမှန်း သိပြီ​ပေါ့ ???

​နှင်းဆီပန်း​တွေ​ကြောင့် ​လေ​ပေါ်၀ဲ​နေသည့် နှလုံးသား​လေးနှင့်အတူ ​ပေါ်ယွီ ပန်းစည်းကြီးဆီ ​​လျှောက်လာသည်။နှင်းဆီပန်းများကြား ညှပ်ထား​​သော ကတ်ပြား​လေးကို ချက်ချင်း ​ကောက်ဖတ်ကြည့်လိုက်၏။

ချစ်တယ်​ ...
                   《 မင်းရဲ့​ကော​ကော 》

ပေါ်ယွီ စိတ်ပျက်လက်ပျက် မျက်နှာ​သေဖြင့် နှင်းဆီပန်းစည်းကို ဓါတ်ပုံရိုက်ကာ ​ပေါ်လျန့်ဆီ ပို့​ပေးလိုက်သည်။

| ​ပေါ်ယွီ : ကျွန်​တော် ဘဲပစ်ခံရမှပဲ ​​ကော ကျွန်​တော့်ကို အတင်းအကြပ် ဖိအား​ပေးလို့ရလိမ့်မယ် | { ဓါတ်ပုံ}

​ပေါ်လျန်က စက္ကန့်မခြား စာပြန်လာသည်။

| ​ပေါ်လျန် : စုန့်ရှီလင်က ငါ့ကို လက်​ဝှေ့ရုံမှာ​တွေ့ဖို့ ဖိတ်ထားတယ်။ ​ကောက ညှာညှာတာတာ ကစား​ပေးမှာ မဟုတ်ဘူး​နော်။ မင်း လက်​ဝှေ့ပွဲကြည့်ဖို့ လာဖြစ်ရင် ​ဒဏ်ရာ​ပျောက်ဆေး​လေးဘာ​လေး ​ဆောင်လာခဲ့ |

​ပေါ်ယွီ message များကို နှစ်​ခေါက်ပြန်မ​တွေးတမ်း ဖျက်ပစ်၍ အိပ်ခန်းထဲက​နေ နှင်းဆီပန်းစည်းကြီး သယ်ထွက်လာခဲ့သည်။ဒုတိယထပ်၌ ကြမ်းတိုက်​နေ​သော ဦး​လေးယန်ကို မြင်​သောအခါ ဦး​​လေးယန်ထံ ပန်းစည်းကြီး သွားထိုး​ပေးလိုက်သည်။

ဦး​လေးယန်ခမျာ ပန်းစည်းကြီးကို ကိုင်ရင်း အံ့သြ​နေသည်။

" ဦး​လေးယန်အတွက် ပန်းစည်း။ ဦး​လေးရဲ့အခန်းထဲမှာ ထည့်သိမ်းထားလိုက်ပါ "
​ပေါ်ယွီ ​ခြေလှမ်းစိပ်စိပ် လှမ်းလို့ ထွက်လာခဲ့၏။

မ​နေ့ညက​ရော ဒီ​နေ့မနက်​ရောဆို​တော့ သူ အလွန်အကျွံဖြစ်သွားခဲ့သည်။​ခြေလှမ်းကို ခပ်ကျဲကျဲ လှမ်းလိုက်လျှင် ဟိုနား​လေးက နာ​သွားသည့်အပြင် တစ်ခုခုက ​ဘောင်းဘီထဲ ယိုစိမ့်ကျလာသ​ယောင်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now