အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)

3.7K 513 11
                                    

Scroll down for Zawgyi.

Unicode

" မနက်ဖြန် ငါ လင်းမြို့​တော်ကို ပြင်ပရိုက်ကွင်းအတွက် လ၀က်​လောက် ခရီးထွက်ရမှာ။ ဖရဲသီး​လေးကို ငါနဲ့အတူတူ စိတ်​ပြေလက်​ပျောက် ​ခေါ်သွားချင်တယ် "
​ပေါ်ယွီက Passenger seat တွင် ထိုင်လျက် တရိပ်ရိပ်ဖြတ်သန်း​နေသည့် ညရှူခင်းအား ပြတင်း​ပေါက်မှတစ်ဆင့် ​ငေး​မော​နေသည်။

Steering wheel ကို ဆုပ်ကိုင်ထား​သော စုန့်ရှီလင်ရဲ့ လက်​တွေက တင်းကြပ်သွားသည်။
" ကိုယ်က​ရော ??? "

" ငါ တကယ် မစဉ်းစားတတ်​တော့ဘူး။ ငါ အခု အမြဲ​တွေး​နေမိတာက ဖရဲသီး​လေးကိုသာ မ​တော်တဆ ဆုံးရှုံးလိုက်ရရင် ငါ ဘယ်လိုလုပ်သင့်တယ်ဆိုတာ . . . . . . "
ဖရဲသီး​လေးက ​နောက်ခုံ၌ ရှိ​နေရာ ​ပေါ်ယွီ ​ဒေါသထွက်စွာ ခပ်ကြိတ်ကြိတ် ဆိုလိုက်သည်။

" ကိုယ် ​တောင်းပန်ပါတယ် . . . "

" မင်းအမှားမှ မဟုတ်တာ။ ငါ့ကို မ​တောင်းပန်လည်း ရပါတယ် "

​ပေါ်ယွီ တိုးသိမ့်စွာ ပင့်သက်ရှိုက်လိုက်၏။
" ဒီတ​လော ဖြစ်ပျက်​နေတာ​တွေ​ကြောင့် ငါ ​​ဟော်မုန်းအ​ပြောင်းအလဲ​​တွေပါ ဖြစ်​နေပြီ။ ထားပါ ၊ ငါ့ကိုယ်ငါ ဘာ​တွေ​ပြော​နေမိမှန်း​တောင် မသိ​တော့ဘူး။ စိတ်ဖိစီးမှု​လျော့​အောင် အပြင်​လေးဘာ​လေးထွက် ရုပ်ရှင်ရိုက်ဦးမယ် "

စုန့်ရှီလင် မဝံ့မရဲ ​​မေးလိုက်သည်။
" မင်း ကိုယ့်ဆီ ပြန်လာ​ပေးမှာလား ??? "

" ​သေချာတာ​ပေါ့ "   ​ပေါ်ယွီ စုန့်ရှီလင်အား ​ဘေးတိုက်လှည့်ကြည့်လိုက်သည်။
" ငါ ဟိုးအရင်တုန်းက ထွက်သွားခဲ့တယ်ဆိုတာ ငါက ပုံမှန်အမျိုးသားတစ်​ယောက်မဟုတ်မှန်း မင်း သိသွားမှာ ​ကြောက်လို့ပဲ။ အခု မင်းကို ချန်ထားခဲ့စရာ အ​ကြောင်းပြချက် ငါ့မှာ မရှိ​တော့ဘူး "

" ကိုယ်လည်း တစ်ချိန်လုံး အလုပ်​​တွေချည်း လုပ်​နေခဲ့တာ။ အားလပ်ရက်ယူဖို့ စီစဉ်ထားတယ် "   စုန့်ရှီလင် အကြံရလာသည်။
" ကိုယ် မင်းနဲ့ လိုက်ခဲ့မယ် "

သူက ရုပ်ရှင်ရိုက်ကူး​နေစဉ်အတွင်း အာရုံ​လွှဲ အပန်း​​ဖြေရုံမျှဖြစ်ကာ ဆက်ဆက် ပြန်လာမည်ဖြစ်သဖြင့် ​ပေါ်ယွီ စုန့်ရှီလင်ကို ငြင်းဆန်ရန် ပြင်လိုက်သည့်တိုင် စုန့်ရှီလင်၏ ​လေးနက်​​သော မျက်နှာအမူအရာအား မြင်မြင်ချင်း သူ့နှလုံးသား​လေး နူးညံ့သွားရသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now