အခန်း-၃၈(အပြစ်ပြုမိခြင်း)

6.8K 1.1K 27
                                    

DOUBLE UPDATE !!!!!! 👏👏👏

Scroll down for Zawgyi.

Unicode

ချီယန် ရိုက်ကွင်းကို ပြန်​ရောက်တဲ့အချိန်မှာ သူ စိတ်နဲ့ကိုယ်နဲ့ မကပ်​ပေ။

လက်​ထောက်လီလီက ချီယန်ကို ခပ်ဖြည်းဖြည်း​လေး တို့လိုက်ပြီး လျင်မြန်စွာနဲ့ သူမရဲ့လက်ကို ပြန်ရုတ်ကာ သတိထားလျက် ​ပြောလိုက်သည်။ " ​ချီ​ကော , ဒါရိုက်တာကြီးက ​မေးလိုက်တယ် ။ ချီ​ကော သရုပ်​ဆောင်နိုင်လား ၊ မ​ဆောင်နိုင်ဘူးလားတဲ့ ?? "

ချီယန်က လက်​ထောက်လီလီကို တစ်ချက်လှည့်ကြည့်လိုက်ပြီး ချက်ချင်းပဲ ​ဒေါသထွက်သွား​တော့သည်။ " ငါ့မျက်နှာကို ကြည့်စမ်းပါ ။ ငါ အခု သရုပ်​ဆောင်နိုင်မယ်လို့များ မင်းက စဉ်းစား​နေတာလား ? "

လက်​ထောက်လီလီခမျာ ငို​ကြွေးလုနီးပါးဖြစ်​နေပြီဖြစ်သည်။သူမက ငိုသံပါ​နေတဲ့ အသံနဲ့အတူ ​ပြောလိုက်သည်။ " အဲဒါဆို ကျွန်မ ဒါရိုက်တာကြီးကို shooting နားဖို့ သွား​ပြောလိုက်ပါ့မယ် "

ချီယန်က မည်း​မှောင်​နေတဲ့ မျက်နှာကြီးနဲ့အတူ လက်​ထောက်လီလီကို တားလိုက်သည်။ " ငါ ​နောက်အပတ်ထဲကျရင် ရသစုံရှိုးတစ်ခု ရိုက်ရမှာမလား ? ဘာ program လဲ ??? "

" Eliminate Tornadoes " လက်​ထောက်လီလီက ခပ်တိုးတိုး ပြန်​ဖြေလိုက်သည်။သူမက ချီယန်​ဟာ ဘာ​ကြောင့် ရုတ်တရက်ကြီး ဒီကိစ္စကို ​မေးသလဲဆိုတာ မသိ​ပေမယ့် သူမက သူ့ဆီ အ​ကြောင်းရင်းကိုလည်း မ​မေးရဲ​​ချေ။

" ငါ့ကို guest list ​ပြော " ချီယန်က လက်ဖက်ရည်တစ်ငုံ​သောက်လိုက်သည်။

လက်​​ထောက်လီလီက တိုးတိုး​လေး ​ပြောပြလိုက်သည်။ " ဒါရိုက်တာက သူ ချီ​ကောရယ် , ​ပေါ်ယွီရယ် , ချူး၀မ်၀မ်ရယ်နဲ့ ​မော့အန်းယွီကို ဖိတ်ကြားထားပြီးပြီ​ပြောတယ် "

ချီယန် ​ခေါင်းငြိမ့်လိုက်ပြီး သူ့မျက်လုံး​တွေထဲမှာ မည်း​မှောင်ခြင်း​တွေက တလတ်လတ် ဖြတ်သန်းသွား​တော့သည်။ " ငါ့ကို ဖုန်း​ပေး။ ငါ ဖုန်း​ပြောစရာရှိတယ် "

လက်​​ထောက်လီလီက ခဏ​လောက် မင်တက်​နေမိပြီး ဖုန်းကိုယူကာ ချီယန်ဆီ ကမ်း​ပေးလိုက်​လေသည်။အဲဒီ​နောက် ချီယန်က သူမကို နား​နေခန်းထဲက​နေ ထွက်သွား​ဖို့ ​ပြောတဲ့အခါ သူမက အချိန်ဆွဲမ​နေဘဲ လျင်မြန်စွာ ထွက်သွား​တော့သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now