အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)

5K 931 51
                                    

Scroll down for Zawgyi.

Unicode

သို့​သော်ငြားလည်း စုန့်မိသားစု၏ အကြီးအကဲနှစ်ဦးမှာ စုန့်ရှီလင်​​ကြောင့် စိတ်ပျက်လက်ပျက်ဖြစ်သွားရရှာသည်။

အဘယ်​ကြောင့်ဆို​သော် ​နောက်တစ်​နေ့မနက်တွင် စုန့်ရှီလင်က စီးပွား​ရေးကိစ္စများ ​ဖြေရှင်း​ဆောင်ရွက်ရန် ​လေယာဉ်ဖြင့် နိုင်ငံခြားရုံးခွဲဆီသို့ သွား​ရောက်ခဲ့ရသည်။​ပေါ်ယွီလည်း သူ့အ၀တ်အစား​တွေကို ထုပ်ပိုးသိမ်းဆည်းလိုက်ပြီး ဖရဲသီး​လေးနဲ့အတူ <ချစ်စရာ့ က​လေးငယ်> ရသစုံရှိုး၏ ပထမပိုင်းတွင် ပါ၀င်ရန် ထွက်ခွာခဲ့လိုက်သည်။

ဒါရိုက်တာက <ချစ်စရာ့ က​လေးငယ်> ရသစုံရှိုးရဲ့ ပထမပိုင်းကို ကြယ်ပွင့်သရုပ်​ဆောင်များ၏ ​နေအိမ်၌ ရိုက်ကူးရန် ​ပြောဆိုခဲ့သည်။​ပေါ်ယွီ့နာမည်​အောက်ရှိ တိုက်ခန်းက သူ့ရဲ့မူလ ဟိုတိုက်ခန်းတစ်ခုသာရှိသည်။​သေချာ စဉ်းစားကြည့်ပြီး​နောက် ​​ပေါ်ယွီက ​ဟော်တယ်တွင် ​ခေတ္တ ​နေထိုင်ဖို့ ဆုံးဖြတ်လိုက်ကာ ကင်မရာအဖွဲ့အား ​ဟော်တယ်သို့ပဲ လာ​ရောက်​စေလိုက်သည်။

ပထမပိုင်းရိုက်ကူး​ရေး မစတင်မီ တစ်ပတ်​လောက်အလိုကတည်းက ရသစုံရှိုးအဖွဲ့ဟာ ပရိသတ်​တွေကို အသည်းတယားယား မချင့်မရဲဖြစ်​စေမည့် ​ရှေ့​ပြေးအစီအစဉ်တို​လေးတစ်ခုအား တရား၀င် Website မှ ထုတ်လွှင့်ခဲ့သည်။

မနက် ​ခြောက်နာရီခွဲခန့်တွင် ရသစုံရှိုး၏ ၀န်ထမ်း​တစ်ဦးက တံခါး​ခေါက်လိုက်သည်။

အ​ကြောင်းကမူ ဒီအစီအစဉ်အဖွဲ့က ​ကြော်ငြာခြင်းတစ်မျိုးအ​နေဖြင့် သရုပ်​ဆောင်ကြယ်ပွင့် အိပ်ရာနိုးထလာပုံကို ရိုက်ကူးချင်သည်။​ပေါ်ယွီ မ​နေ့ညကတည်းက သူ့ရဲ့ည၀တ်အင်္ကျီကို ​သေ​သေချာချာ ကျကျနန ၀တ်ဆင်ထားလိုက်သည်။

" မင်္ဂလာပါရှင်။ ​ကောင်း​​​သော မနက်ခင်းပါ ၊ ​ပေါ်ကိုကို​လေး​ရေ "   ငယ်ရွယ်လှပတဲ့ အမျိုးသမီး ဇာတ်ညွှန်း​ရေးဒါရိုက်တာ​မ​လေးက သူမရဲ့ တလက်လက်​တောက်ပ​နေတဲ့ မျက်၀န်း​တွေနဲ့အတူ နှုတ်ခွန်းဆက်လိုက်သည်။ထို့​နောက် သူမက သူမအ​နောက်ရှိ ကင်မရာဘက်ကို တိုးတိုး​လေး လှည့်​ပြောလိုက်သည်။   " ကျွန်မတို့ ရိုက်ကူး​ရေးစပါပြီ။ ​ကျေးဇူးပြုပြီး မြန်မြန်​လေး လိုက်လာ​နော်။ ရှင်တို့ရဲ့က​လေး​လေး​တွေကို ​တွေ့ရဖို့ အဆင်သင့်ပြင်ထားလိုက်ပါ​တော့ "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now