အခန်း-၉၆(ဖွင့်​ပြောခြင်း)

3.2K 508 9
                                    

Scroll down for Zawgyi.

Unicode

စားစရာ​​တွေ ​စားပွဲ​ပေါ် ချ​ပေးလာ​သောအချိန်၌ ​ဘေးမှာရပ်​နေတဲ့ လက်​ထောက်တစ်ဦးက ​ရှေ့တက်လာ၍ တီးတိုး အစီရင်ခံလိုက်သည်။
" ဥက္ကဋ္ဌစုန့် ၊ ​ဖြေရှင်းပြီးပါပြီ "

စုန့်ရှီလင် ဆန်ပြုတ်ခပ်​​နေရာမှ ရုတ်ခြည်း ရပ်တန့်သွားကာ ​ပြောလိုက်သည်။
" သိပြီ "

ဖရဲသီး​လေးက ပါးစပ်အပြည့် သခွားသီးကွင်း​လေး​တွေကို ကိုက်လျက် ဗလုံးဗ​ထွေး ​မေးလိုက်သည်။
" ပါးပါး​ရော . . . . . စား . . . ??? "

" ဒက်ဒီတို့ ပါးပါးအတွက် ပါဆယ်ထုပ်သွားကြမယ်။ သား အရင်စား "
စုန့်ရှီလင် နာရီကြည့်ရန် လက်​ကောက်၀တ်ကို ​မြှောက်လိုက်၏။စုန့်ရှီလင် အချိန်​ရောက်ပြီဟု ​တွေးကာ iPad ကို ဖွင့်ပြီး သူ Video call ​ခေါ်လိုက်သည်။

မကြာမီ video call က ချိတ်ဆက်သွားသည်။စုန့်ရှီလင်နှင့် ငါးဆယ်ရာခိုင်နှုန်းခန့် ဆင်တူ​သော အမျိုးသားတစ်ဦးက screen တွင် ​ပေါ်လာခဲ့သည်။ထိုသူက သူ့နက်ကတိုင်ကို သပ်ရပ်​အောင် ပြုပြင်လိုက်၏။
" ​ရှောင်လင် "

စုန့်ရှီလင်က ​အသံခပ်နက်နက်ဖြင့် ဆိုလိုက်သည်။
" အစ်ကို "

" သူ​လေးက ဖရဲသီး​လေးလား ??? "
အမျိုးသားက စုန့်ရှီ​လင်​ဘေးမှာ ထိုင်ရင်း ​ပေါက်စီ​ပေါင်းကို တမြုံ့မြုံ့​ကိုက်ဝါး​နေ​သော ဖရဲသီး​လေးအား ကြည့်လိုက်၏။အနှီအမျိုးသား၏ နှုတ်ခမ်း​ထောင့်စွန်းများက စိတ်​ကျေနပ်စွာ အ​ပေါ်သို့ ​ကွေးတက်သွားသည်။
" ချစ်ဖို့​ကောင်းလိုက်တာ "

___________________

​ပေါ်ယွီ အိပ်ရာနိုးသည့်အချိန်၌ မွန်းတည့်တစ်နာရီရှိ​နေပြီဖြစ်သည်။​ပေါ်ယွီ သူ့ဆံပင်​တွေကို ထိုးဖွကုတ်ခြစ်၍ အိပ်ချင်မူးတူးမျက်လုံးများနှင့်အတူ အိပ်ရာ​​ပေါ်က​နေ ဆင်းလာသည်။သူ မျက်နှာသစ် ၊ ပလုတ်ကျင်းပြီးစဉ် စုန့်ရှီလင်နှင့်ဖရဲသီး​လေးတို့က ပါဆယ်အိတ်များနှင့်တကွ ပြန်လာကြသည်ကို ​တွေ့လိုက်ရသည်။

" ဘာ​တွေ၀ယ်ခဲ့တာလဲ ??? "

​ပေါ်ယွီ အိတ်​တွေထဲက​နေ အမဲသားထမင်းနှင့် အသီးအရွက်ဆားစိမ်သနပ်အနည်းငယ်ကို ထုတ်ယူလိုက်သည်။သူ စားစရာ​တွေကို ပါးစပ်ထဲ တန်းထည့်လိုက်​တော့ လည်ပင်းနင်သွားတာ​ကြောင့် ​ရေခဲ​သေတ္တာထံ သွားလိုက်သည်။သူ ဘီယာတစ်ဘူး လှမ်းဆွဲကာ တစ်၀က်ကျိုးကျိုး ​မော့​သောက်လိုက်သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now