အခန်း-၄၈(နှင်းဆီပန်း)

7.2K 1.1K 46
                                    

Scroll down for Zawgyi.

Unicode

​ပေါ်ယွီ ခပ်မြန်မြန် မတ်တပ်ထရပ်လိုက်ပြီး တည်ငြိမ်​နေတဲ့ မျက်နှာအမူအရာနဲ့အတူ သူ့ဆံပင်ကို သပ်တင်ကာ စိတ်​အေး​အေးထား ​ပြောလိုက်သည်။   " မင်း အိမ်မက်ဆိုးမက်လို့လား ? ရုတ်တရက်ကြီး ဘာလို့ အိပ်ရာက​နေ နိုးလာရတာလဲ ? "

ဖရဲသီး​လေး နှုတ်ခမ်း​လေးကို စူရင်း အ​ရှေ့ကို ဖိနပ်မပါဘဲ စမ်းတဝါးဝါး​လျှောက်လာပြီး ​ပေါ်ယွီရဲ့လက်​မောင်း​တွေထဲကို ခုန်၀င်ကာ မ​ကျေမနပ်ဖြစ်​နေတဲ့ အသံ​လေးနဲ့ ​ပြောလိုက်သည်။   " ပါးပါး , သား ပါးပါးကို အရမ်းလွမ်း​နေတာရယ် "

အဲဒီအချိန်မှာ ​ပေါ်ယွီရဲ့ဖခင်ချစ်ခြင်း​မေတ္တာ​တွေက အပြည့်အ၀ နိုးကြားလာ​တော့သည်။ဒါ​ပေမယ့် သူ ဘာမှမပြုမူရ​သေးခင်မှာပဲ သူ့​ဘေးမှာ ထိုင်​နေတဲ့ စုန့်ရှီလင်ရဲ့ တည်ကြည်​လေးနက်​နေတဲ့ မျက်နှာအမူအရာကြီးကို တစ်ချက်​လောက် ​ဝေ့ကြည့်လိုက်မိတဲ့အခါ သူ့ရဲ့ဖခင်​မေတ္တာ​တွေဟာ ချက်ချင်းပဲ အဆုံးသတ်​ပျောက်ကွယ်သွားရ​တော့သည်။

" သန့်စင်ခန်းသွား ပြီးရင် အိပ်ရာထဲ၀င်​တော့။ ပါးပါးက မနက်ဖြန်ကျ မင်းအတွက် မနက်စာ လုပ်​​ကျွေးမယ် "   ​ပေါ်ယွီက ဖရဲသီး​လေးကို သူ့လက်​မောင်း​တွေထဲက​​နေ ခပ်ဖွဖွ​လေး တွန်းထုတ်လိုက်ပြီး သန့်စင်ခန်းဆီ သွားဖို့ အမိန့်​ပေးလိုက်သည်။

ဖရဲသီး​လေးက တဝါးဝါးသမ်း​ဝေကာ သန့်စင်ခန်းဆီ ​ပြေးသွား​တော့သည်။

​ပေါ်ယွီ ရှက်ကိုးရှက်ကန်းနဲ့ ဆိုလိုက်သည်။
  " ငါ မင်းကို လိုက်ပို့မယ်​လေ "

စုန့်ရှီလင် ခေါင်းငြိမ့်ပြလိုက်ပြီး စင်္ကြဆီကို အရင်​လျှောက်သွားကာ ​ပေါ်ယွီက အ​​နောက်က​နေ နီးနီးကပ်ကပ် လိုက်ပါလာခဲ့သည်။

တစ်​ယောက်က တံခါး​ပေါက်မှာ ရပ်​နေပြီး ​နောက်တစ်​ယောက်က​တော့ တံခါးအပြင်ဘက်မှာ မတ်တပ်ရပ်​နေကြသည်။​လေ​အေး​တွေ တိုက်ခတ်လာတဲ့အခါ ​ပေါ်ယွီ အ​အေးဒဏ်ကြောင့် တုန်ယင်သွားရသည်။

စုန့်ရှီလင်က သူ့ရဲ့အကြည့်​တွေကို ပြန်လည်ရုတ်သိမ်းပြီး ​ပြောလိုက်သည်။   " ငါ ပြန်​တော့မယ်။ ​​​စော​စော အနားယူလိုက် "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now