အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)

3.6K 564 14
                                    

Scroll down for Zawgyi.

Unicode

ရက်အနည်းငယ်ကြာ​သော် ၊ စုန့်ရှီလင်ဟာ လေလံပွဲတွင် ထိပ်တိုက်​​​စျေးပြိုင်​ပေးခဲ့ပါ​သော ​ပေါ်လျန်နှင့် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် ​တွေ့ဆုံခဲ့သည်။

နှစ်ဦးလုံးက ​ပေါ်ယွီနှင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သတ်ဆက်နွှယ်​နေမှုကြောင့်သာ မိသားစုညစာစားပွဲ၌ အတူတကွ လာထိုင်​နေကြခြင်း။

စုန့်ရှီလင်ရဲ့မျက်နှာက အမူအရာ​ရော ခံစားချက်​ရော ကင်းမဲ့​နေ၏။သူက ​ပေါ်လျန်ထံ ​ရင်းရင်းနှီးနှီး လက်ကမ်း​ပေးလိုက်သည်။
" မင်္ဂလာပါ "

​ပေါ်လျန်လည်း လက်ဆန့်ထုတ်၍ စုန့်ရှီလင်လက်ကို ဆုပ်ကိုင်လိုက်သည်။မျက်နှာကမူ အသက်မပါ။
" မင်္ဂလာပါ "

​ပေါ်ယွီ ထိုနှစ်​ယောက်ကြား ဝင်ထိုင်လိုက်သည်။
" ​ကော ၊ ဒါ စုန့်ရှီလင်။ ကျွန်​တော့်ရဲ့ ... ကျွန်​တော့်ရဲ့ ချစ်သူ​ကောင်​လေး "

​ပေါ်လျန်က ညင်သာစွာ ​ခေါင်းညိတ်၏။သူတို့ရဲ့ဆက်ဆံ​ရေးကို သူ သိ​နေတာ ကြာကြာလှ​ချေပြီ။

" ဒါ ငါ့​ကော ​ပေါ်လျန် "
​ပေါ်ယွီက စုန့်ရှီလင်ကို ဖွဖွ​ဆွဲ​ပြောလိုက်သည်၊

စုန့်ရှီလင် : " ​တွေ့ရတာ ဝမ်းသာပါတယ် "

​ပေါ်လျန်က မယုတ်မလွန် ပြုံးပြသည်။

သူတို့အားလုံး အတူတကွ ညစာလက်ဆုံစားကြတာ ပထမဆုံးအကြိမ်ဖြစ်သည့်အ​လျောက် ​လေထုက ကို့ရို့ကားရား ​နေရခက်ဖွယ်ပင်။

အသီးသီး ညစာ သုံး​ဆောင်ကြပြီး​သောအခါ ​ပေါ်ယွီတစ်​ယောက် ​ရေတုံး​ရေခဲနှယ် ယခု အ​နေအထားကြီးအား မည်သို့မည်ပုံ ဖြိုခွင်းရမည်ကို အ​တွေးနယ်ချဲ့နေသည်မို့ ပေါ်လျန်နှင့် စုန့်ရှီလင်တို့က အနည်းငယ် ထူးဆန်း​နေကြမှန်း ​ပေါ်ယွီ မရိပ်မိ​ပေ။

" အချင်းချင်း မိတ်ဆက်တာလည်း လုပ်ပြီးပြီဆို​တော့ မင်း ဘယ်အချိန် ​ကောနဲ့ ပြန်လိုက်မှာလဲ ??? "

​ပေါ်လျန်က နှုတ်ခမ်းတစ်ဝိုက်ကို ခပ်ဖွဖွ သုတ်ကာ ​ပေါ်ယွီအား ​အေးစက်စွာ ကြည့်၏။သူ့မျက်လုံး​တွေက စုန့်ရှီလင်ထံ လုံးလုံးလျားလျား ​ဝေ့ဝဲမသွား။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now