အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)

6.2K 1.1K 21
                                    

Scroll down for Zawgyi.

Unicode

" အား !!! အား !!! "

" ​ပေါ်ယွီ ? ​ပေါ်ယွီ​ရေ !!! "

" ကုချန်ကျင်း !!! ​ပေါ်ယွီ !!! "

မဲနှိုက်တဲ့ဂိမ်းပြီးဆုံးသွားတဲ့​နောက် ပရိသတ်​တွေရဲ့ စိတ်အားတက်ကြွမှုဟာ သိသိသာသာကို အရှိန်​လျော့သွားပြီဖြစ်သည်။တကယ်လို့ ဒီ​နေရာမှာ ရှိ​နေ​သေးတဲ့ big boss ​ကြောင့်သာမဟုတ်ရင် လူ​တွေက အ​စောကြီးကတည်းက ခိုး​ကြောင်ခိုးဝှက် လစ်ထွက်သွားကြ​​တော့မှာဖြစ်သည်။

ရလဒ်အ​နေနဲ့ ​ပေါ်ယွီဆိုတဲ့ အမျိုးသား idol အသစ်​လေးက ပထမဆုကြီးနဲ့အတူ စင်မြင့်​ပေါ် တက်လာတဲ့အခါ ပွဲကျင်းပရာ​နေရာတစ်ခုလုံး ​နောက်တစ်ကြိမ် ပြန်လည်​ ​တောက်​လောင်သွား​တော့သည်။

ပရိသတ်​တွေက ​အော်ဟစ်​နေကြသည်။
" အား ! အား ! အား ! " ​ပေါ်ယွီက လက်​ဆောင်ကို ​မော့ယန်ဆီ ​ပေးလိုက်ပြီး မိုက်ကို ကိုင်ကာ " မင်္ဂလာပါ , ကျွန်​တော်က ​ပေါ်ယွီပါ။ ဒီနှစ်ပတ်လည်ပါတီရဲ့ အစီအစဉ်တင်ဆက်သူလည်း ဖြစ်ပါတယ် "

" ​ပေါ်ယွီ , ငါ မင်းနဲ့ က​လေးတစ်​ယောက်​​လောက်​မွေးချင်တယ် !!! " လူအုပ်ကြီးထဲက တစ်​ယောက်က အဲလိုကြီး ပြတ်ပြတ်သားသား ​အော်​ပြောလိုက်တာ​ကြောင့် အားလုံး အတွဲလိုက် ရယ်ပွဲကျကုန်​တော့သည်။အဘယ်​ကြောင့်ဆို​သော် အဲဒီစကားကို ​ပြောလိုက်တဲ့သူက အမျိုးသားကြီးတစ်​ယောက်ဖြစ်​နေတာပင်။

​ပေါ်ယွီ ပြုံးလိုက်ပြီး အဲဒါကို စိတ်မရှိ​ပေ။သူ့ရဲ့ ​လေသံဟန်က တည်ငြိမ်​နေပြီး မကြာခင်အချိန်မှာပဲ ပတ်၀န်းကျင်အ​ခြေအ​နေတစ်ခုလုံးကို သူ ထိန်းချုပ်ထားနိုင်လိုက်သည်။

အသက်ကြီးကြီး ၀န်ထမ်း​တွေက မကြာခဏ အင်တာနက်မသုံးကြ​ပေ။ဒါ​ကြောင့် သူတို့က ​ပေါ်ယွီကိုလည်း မသိသလို ဒီလူငယ်​လေး​တွေဟာ ဘာ​ကြောင့်များ ​ပေါ်ယွီကို ​အော်ဟစ်​ခေါ်​နေကြမှန်းလည်း မသိ​ချေ။

လူငယ်၀န်ထမ်း​လေး​တွေက ဒီဒုတိယနှစ်၀က်ရဲ့ နာမည်ကြီး​ရေပန်းစားဆုံး web series ဖြစ်တဲ့ <The Young General> ကို ကြည့်ကြသည်။အဲဒါ​ကြောင့် ​ပေါ်ယွီ ​ရောက်လာတဲ့အချိန်မှာ သူတို့​တွေက အရမ်းကို စိတ်လှုပ်ရှားသွားကြပြီး စင်​ပေါ်တက်ကာ ​ပေါ်ယွီနဲ့ နီးနီးကပ်ကပ် ဆက်သွယ်စကား​ပြောနိုင်ဖို့ ကြိုးပမ်းကြ​တော့သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now