အခန်း-၈၁(ပြန်လာခြင်း)

4.9K 916 28
                                    

Scroll down for Zawgyi.

Unicode

ညစာ စား​သောက်ပြီး​သော် ဖရဲသီး​လေးက အိပ်​ဆောင်အခန်းထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်​ပျော်သွားခဲ့သည်။​ပေါ်ယွီကမူ ဒီည၌ အိပ်မ​ပျော်နိုင်​သေး​ချေ။ထို့​ကြောင့် သူ အိပ်ခန်းထဲက​နေ အပြင်သို့ ထွက်လာကာ အ​နောက်ဘက်ခြံ၀င်းအတွင်းရှိ ​ကျောက်သားထိုင်ခုံ​ပေါ်တွင် ထိုင်​နေလိုက်သည်။

ရိုက်ကူး​ရေးအစီအစဉ်၏ ၀န်ထမ်းများသည်လည်း ၎င်းတို့၏ သီးသန့်အခန်းထဲ၌ အနားယူ​နေကြသည်။​​ပေါ်ယွီ့​နောက်က တ​ကောက်​​​ကောက်လိုက်ရတဲ့ PD ကလည်း ဒီ​နေရာမှာ ရှိ​မ​နေ​ချေ။ထို့​ကြောင့် ​နောက်ဆုံးတွင်ကား ​ပေါ်ယွီတစ်​ယောက် ​အေး​အေး​ဆေး​ဆေး အပန်း​ဖြေနိုင်ပြီဖြစ်သည်။

၀၀ဖိုင့်ဖိုင့် ​ကျောင်းထိုင်ဆရာ​တော်ကြီးက ​ပေါ်ယွီ့နားနီးသို့ ​ရောက်ရှိလာ၍ ​ဘေးတစ်ဖက်ခြမ်း၌ ၀င်ထိုင်လိုက်သည်။   " ဒကာ​လေး ၊ အိပ်မ​ပျော်ဘူးလား ??? "   ၀၀ဖိုင့်ဖိုင့် ​ကျောင်းထိုင်ဆရာ​တော်က မျက်၀န်း​တွေ တွန့်​ကွေးသွားသည်အထိ အားပါတရ ပြုံးပြလျက် အလွန် သနားကြင်နာတတ်ဟန်ရှိသည်။

" ဆရာ​တော်လည်း အိပ်မ​ပျော်လို့ပါလား "   ​ပေါ်ယွီမှာ ပြုံးပင်ပြုံး​နေ​သော်ငြား ပင်ပန်းနွမ်းနယ်​နေပုံရသည်။

" ဘုန်းဘုန်းက အသက်အရွယ်​ကြောင့် ဒီနှစ်​တွေတစ်လျှောက်မှာ အကြာကြီး ​ကောင်း​ကောင်း အိပ်မ​ပျော်နိုင်​တော့ဘူးကွယ့်။ ဒကာ​လေးက ​နောက်ထပ် ရသစုံရှိုးရိုက်ရဦးမယ်မဟုတ်လား။ အခု ဒကာ​လေး သွားအိပ်သင့်ပြီလို့ ဘုန်းဘုန်း ထင်တယ် "   ၀၀ဖိုင့်ဖိုင့် ဘုန်း​တော်ကြီးဟာ ပြုံးပြသာ​နေပြီး ​ပေါ်ယွီရဲ့ ပင်ပန်းနွမ်းလျမှု​တွေကို သတိပြုမိဟန်တူသည်။   " တကယ်လို့ ဒကာ​လေးမှာ တစ်ခုခု စိတ်အ​နှောင့်အယှက်ဖြစ်စရာရှိ​နေရင် တတ်နိုင်သမျှ မြန်မြန်​လေး အဲဒီအ​ကြောင်းကို ဖွင့်ထုတ်လိုက်ပါ။ အဲဒီလိုမဟုတ်ရင် ​သောကဆင်းရဲ​တွေက ဒကာ​လေးဆီ ဖိစီးနှိပ်စက်​နေပါလိမ့်မယ် "

မတ်တပ်ထရပ်​နေတဲ့ ​ပေါ်ယွီက ​ခေတ္တ တုံ့ဆိုင်းသွားကာ ပြန်ထိုင်လိုက်၏။သူ ​လေးနက်စွာ ​ပြောလိုက်သည်။   " ဆရာ​တော် ၊ တပည့်​တော်ရဲ့ စိတ်အတွင်းမှာက ​သောကဖြစ်စရာ​တွေ အများကြီး ရှိ​နေပါတယ် "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now