အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)

7K 1.4K 33
                                    

Scroll down for Zawgyi.

Unicode

​ပေါ်ယွီက သူ့ရဲ့ offical Weibo acc ထဲကို ၀င်ကာ / အား , အား , အား , ​​ချော​မောခန့်ညား​နေတဲ့ ပေါ်ယွီကို ငါ့အိပ်ရာ​လေးဆီ အလည်လာဖို့ ​မေး​ပေးကြပါ / အဲ့လိုမျိုး comment တချို့ကို ဖတ်ကြည့်​နေလိုက်သည်။အဲဒီ​နောက် ​ပေါ်ယွီက စိတ်​ကျေနပ်စွာနဲ့ သူ့ရဲ့ လျို့ဝှက် ကိုယ်ပိုင် Weibo acc ဆီ သွားလိုက်ပြီး post အသစ်စက်စက်တစ်ခုကို တင်လိုက်​လေသည်။

မာနကြီးတဲ့ ထင်းရှူးပင်​လေး ; ဒီတစ်ပတ်ပြီးရင် အလုပ်ခရီး အဆုံးသတ်​တော့မယ်။​ပြောမပြတတ်​လောက်​အောင်ကိုပဲ ဂနာမငြိမ်ဖြစ်ပြီး ​မျှော်လင့်​စောင့်စား​နေမိပြီ။အလို​လေး​နော် , ​ဆောင်းဦးက တကယ့်ကို ၀မ်းနည်းစရာ​ကောင်းတဲ့ ရာသီမျိုးပဲ [ ​​ကောင်းကင်ပြာကြီးနှင့် တိမ်ဖြူတိမ်လွှာများ ပါ၀င်​နေ​သော တော​တောင်​ရေ​မြေရှူခင်းဓါတ်ပုံ ]

post တင်ပြီးတာနဲ့ ​ပေါ်ယွီ ဗလာသက်သက် ​ငေးကြည့်​နေမိ​တော့သည်။

_____________

လွန်ခဲ့တဲ့နှစ်ရက်​လောက်က ကျန်းမာ​ရေး အ​ရေး​ပေါ်အ​ခြေအ​နေဖြစ်ခဲ့တာ​ကြောင့် လန့်​နေ​သေးတယ်ဆိုပြီး ဒီနှစ်ရက်အတွင်းမှာ သူ့ကို အပြင်အတူထွက်ဖို့ လာ​ခေါ်ကြတဲ့ ဇာတ်လမ်းအဖွဲ့သား​တွေမှန်သမျှကို ​ပေါ်ယွီ ငြင်းဆန်ခဲ့သည်။အဘယ်​ကြောင့်ဆို​သော် သူ ​ဟော်တယ်ပြန်​ရောက်​,​​ရောက်ချင်းမှာပဲ ဖရဲသီး​လေးဆီ video call ​ခေါ်ကာ တစ်နာရီ​လောက် စကား​ပြော​ပေး​နေရတာဖြစ်သည်။

​ပေါ်ယွီက သူ့သား​လေးအ​ပေါ် လွှမ်း​နေတာ​တွေကို ​ဖြေ​ဖျောက်ပြီးတဲ့အခါမှပဲ သရုပ်​ဆောင်​နေစဉ်အချိန်အတွင်း စိတ်အားထက်သန်တက်ကြွကာ သက်၀င်ခံစားမှုရှိလေသည်။

သို့​သော်ငြားလည်း ​ပေါ်ယွီ စိတ်အ​နှောင့်အယှက်ဖြစ်​နေရတာက​တော့ စုန့်ရှီလင်ဟာ video call ​ရှေ့ကို တစ်ခါမှ ​ရောက်မလာပင်ဖြစ်သည်။

ပြီး​တော့ သူ video call ​ခေါ်တဲ့အချိန်တိုင်း စုန့်ရှီလင်က video call ကို လက်ခံဖို့ အချိန်အကြာကြီး ​စောင့်ယူရသည်။ဖုန်းလက်ခံလိုက်တဲ့အချိန်မှာလည်း video call ​​ပေါ်မှာ ငုတ်တုတ်​လေးထိုင်​နေတဲ့ ဖရဲသီး​လေးတစ်​ယောက်တည်းသာ ရှိ​လေသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now