အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)

6.2K 1K 32
                                    

Scroll down for Zawgyi.

Unicode

​မော့အန်းယွီက ခါတိုင်းလိုပဲ ညရှစ်နာရီထိုးထိုးချင်းမှာ ဖရဲသီး​လေးကို အိပ်ရာ၀င်ဖို့ ​ပြောလိုက်သည်။

​မော့အန်းယွီက ဆိုဖာ​ပေါ်မှာထိုင်ရင်း ခဏ​​လောက် ဖုန်းကစားပြီးတဲ့အခါ သူ ဖရဲသီး​လေးရဲ့အခန်းတံခါးကို ​နောက်တစ်ကြိမ် ထပ်ဖွင့်ကြည့်လိုက်သည်။ဖရဲသီး​လေးက အိပ်​ပျော်​နေတာကို သူ မြင်တဲ့အခါ ​မော့အန်းယွီက သူ့ကား​သော့နဲ့ပိုက်ဆံအိတ်ကို ယူပြီး စိတ်​ကျေနပ်အားရစွာ ထွက်သွား​တော့သည်။

______ သူမှာ ဒီညအတွက် ချိန်းဆိုထားတာတစ်ခုရှိသည်။သူက သူ့ရဲ့က​လေးဘ၀တုန်းက သူငယ်ချင်း​တွေနဲ့အတူ ချိန်းထားတာဖြစ်သည်။ဒါ​ကြောင့် သူ မသွားလို့ မ​ကောင်းတတ်​ပေ။

ဒါပြင် သူက လွန်ခဲ့တဲ့နှစ်ရက်ကတည်းက ည​နေတိုင်း ဖရဲသီး​လေးနဲ့ပဲ အတူတူရှိ​နေ​ပေးရတာဖြစ်သည်။ဒါ​ကြောင့် သူ အခု တကယ့်ကို အပြင်ထွက်ချင်​နေသည်။ခဏ​လောက် ချီတုံချတုံဖြစ်ပြီးတဲ့​နောက် သူ ချိန်းထားတာကို သွားဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

သို့​သော်လည်း ​မော့အန်းယွီ ထွက်သွားတာ ဆယ်မိနစ်​လောက်ရှိတဲ့အချိန်မှာ ဖရဲသီး​လေးက ညလယ်တစ်​ရေးနိုးလာခဲ့သည်။

ဖရဲသီး​လေးက အိပ်ရာပေါ်မှာ ထိုင်​နေရင်း မှင်တက်ကာ သူ့​ခေါင်း​နောက်​လေးကို ထိလိုက်သည်။အဲဒီ​နောက် သူ ​မော့အန်းယွီကို ရှာဖို့အတွက် အိပ်ရာ​ပေါ်က​နေ ဆင်းလိုက်သည်။ဖရဲသီး​လေးမှာ တိုက်ခန်းတစ်ခုလုံးနှံ့​အောင် ​မော့အန်းယွီကို ရှာကြည့်​ပေမယ့် လုံး၀မ​တွေ့တဲ့အခါ သူ ချက်ချင်းပဲ အထိတ်တလန့်ဖြစ်သွား​တော့သည်။

" ဦးဦး ? ဦးဦး !!! "   ဖရဲသီး​လေးက ဖုန်းကို မြန်မြန် ​ကောက်ကိုင်ကာ ​ပေါ်ယွီဆီ ဖုန်း​ခေါ်လိုက်​ပေမယ့် ​ပေါ်ယွီရဲ့ဖုန်းက အားကုန်​​နေလေ​သည်။

တန်တန်က အ​ရှေ့ကို ​ပြေးထွက်လာပြီး ဖရဲသီး​လေးကို ကြည့်လိုက်သည်။

ဖရဲသီး​လေးက အ​ကြောက်​ပြေအောင် ဆိုဖာ​ပေါ်မှာ အတင်းတိုးဝှေ့ပူးကပ်​​နေကာ ဘယ်သူမှမရှိတဲ့ အခန်းလွတ်ကြီးထဲမှာ​နေဖို့ ပိုပိုပြီး ​ကြောက်ရွံ့လာသည်။သူက သူ့နှုတ်ခမ်း​လေး​တွေကို တင်းတင်း​စေ့ပြီး တန်တန်ရဲ့အကြည့်​လေး​တွေ​အောက်မှာ ငို​နေမိသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now