အခန်း-၇၅(ရန်သူ)

5.9K 969 21
                                    

Scroll down for Zawgyi.

Unicode

​ပေါ်ယွီက လူသားချင်းစာနာစွာဖြင့် ​ရှေ့က​နေ ​လျှောက်​ပေးသွားလိုက်ပြီး သူ့​ရှေ့​မှောက်ရှိ တံခါးလိုက်ကာကို ဆွဲဖွင့်လိုက်သည်။သူ အထဲကို ​ခြေတစ်လှမ်း,လှမ်းလိုက်ရုံရှိ​သေးတဲ့အချိန်မှာ သူ့​အနောက်ဘက်က ​ချောင်ကျွင်းရဲ့ ​ကြောက်လန့်တကြား​အော်ငိုသံကြီးကို ကြားလိုက်ရသည်။   " အားးး !!! အားးး !!! "

ရုတ်တရက်ဆိုသလို ​ကင်မရာပါ တုန်ခါသွားသည်။

​ပေါ်ယွီ မျက်နှာချင်းဆိုင်ကို ကြည့်လိုက်တဲ့အခါ ​လေထဲတွင် တွဲ​​လောင်းကျ​နေတဲ့ ဆံပင်ရှည်ကြီးနှင့် ​သွေးသံတရဲရဲ ​ခေါင်းပြတ်ကြီးအား ​တွေ့လိုက်ရ၍ သူ့နှလုံးသား​လေးလည်း တလှပ်လှပ်ခုန်သွားရသည်။အ​မှောင်ထုထဲ၌ အနှီ​ခေါင်းပြတ်ကြီးက တကယ့်အစစ်ဟုပင် ထင်မှတ်​စေရသည်။

​ချောင်ကျွင်းက စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲဖြစ်​​နေတဲ့ပုံစံနဲ့ PD ​နောက်က​နေ အ​ပြေးအလွှား လိုက်၀င်လာသည်။   " မင်း ၀င်သွား​တော့ အဲဒီ​ခေါင်းပြတ်ကြီးကို မမြင်ဘူးလား ??? "

​ပေါ်ယွီ သူ့ရင်ဘတ်ကို အသာပုတ်လျက် ​ဖြေလိုက်သည်။   " တကယ်လို့ ကျွန်​တော်သာ အဲဒါကြီးကို မြင်​နေရင် အရင်ဆုံး ​အော်ချမယ့်သူက ကျွန်​တော်ပဲ။ အဲဒါကြီးကို လိုက်ကာတံခါးမှာ ချိတ်ထားလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ . . . . . . ကျွန်​တော် ​သေလု​အောင် လန့်ဖျပ်သွားတာ "

ဒီလိုမျိုးရုတ်တရက် ​ခြောက်လှန့်မှုကြီးက ​ပေါ်ယွီအား ထိတ်လန့်​စေသည်။

ကြည့်ရှူ​နေကြတဲ့ ပရိသတ်​​တွေလည်း သရဲအိမ်ထဲတွင် ဖြစ်ပျက်ခဲ့သည့် ထိုမ​တော်မဆမှုကြီးကို ​ကြောက်လန့်မှုနဲ့အတူ ရင်ဆိုင်လိုက်ရ​လေသည်။

​ပေါ်ယွီက ​လေထဲဖားလျားကျ​နေတဲ့ ​ခေါင်းပြတ်ကြီးကို တစ်ချက်​မော့ကြည့်လိုက်မိပြီး​​နောက် ​သေချာ စူးစူးစိုက်စိုက် ပြန်ကြည့်လိုက်သည်။   " ဝါး ?!! ဉာဏ်စမ်းအရုပ်ဆက်အပိုင်းအစတစ်ခုက ​ခေါင်းပြတ်မှာ ချိတ်ထားတယ် "

​ပေါ်ယွီရဲ့ အမြင်အာရုံစက်ကွင်းကို ​ကျော်လွန်၍ ​ခေါင်းပြတ်ကြီး​ဘေး၌ရှိ​နေတဲ့ <Eliminating Tornadoes> အမည်ပါ​​သော စာအိတ်တစ်အိတ်ကို ​ချောင်းကျွင်း ​တွေ့လိုက်သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now