အခန်း-၁၀၃(အပြစ်ပြုခြင်း)

3.3K 490 10
                                    

Scroll down for Zawgyi .

Unicode

ပေါ်လျန်တစ်​ယောက် ၀ုန်းဒိုင်းဆို ​ရောက်ချလာခြင်းက ​ပေါ်ယွီ့ဘ၀ရဲ့ငြိမ်းချမ်းမှု​လေးကို ဖျက်ဆီးပစ်ခဲ့သည့်တိုင် ​သူ့ခမျာ ဦး​နှောက်က  'ကော ဒီကို ​ရောက်​နေပြီ !!!' ဟူ​သော သတင်းအချက်အား လက်သင့်မခံနိုင်​သေးမီ ပိုကြီးတဲ့ပြသာနာက ​ပေါ်လာသည်။

သူ့ရဲ့ရုပ်ရှင်အသစ်ဖြစ်​သော 《 Secret Agent 》 က ကွိုင်တက်​နေ၏။

လျူခိုင်က ​ပေါ်ယွီထံ မနက်​စော​စောစီးစီး ဖုန်းဆက်​သော်လည်း ဖုန်းမကိုင်​လေရာ message ပဲ ချန်ထားလိုက်ရသည်။

​​ပေါ်ယွီကမူ ​နောက်တစ်​နေ့ အိပ်ရာနိုးသည်အထိ ၎င်း message ကို မမြင်။သူ မျက်နှာသစ် သွားတိုက်​နေရင်း Weibo ပွတ်မည်ဆိုခါမှ လျူခိုင်ဆီက​နေ message တစ်​စောင် အသစ်​ရောက်​နေမှန်း ​တွေ့သည်။

\ 《 Secret Agent 》 က ဆင်ဆာ ပထမအဆင့် မ​အောင်ဘူး /

​ပေါ်ယွီ မျက်နှာသစ်ခြင်းအလုပ်ကို သိုးသိုးသွက်သွက် လက်စသတ်ပြီး ​လျူခိုင်ထံ ချက်ချင်း ဖုန်း​ခေါ်လိုက်သည်။

လျူခိုင်က ​အေးတိ​အေးစက် ဆို၏။
" အခု​တော့ နိုးပြီကိုး "

​" ဘယ်လိုဖြစ်တာလဲ ??? "
​ပေါ်ယွီ အိပ်ရာ​ဘေး ဗီရိုအံဆွဲထဲက ကွတ်ကီးတစ်ထုပ်အား လှမ်းယူ၍ အခွံ​ဖောက်ကာ တဂျွတ်ဂျွတ် ဝါး​နေသည်။

​မ​နေ့က တစ်ညလုံး တစ်​ရေးမျှ မအိပ်နိုင်ရှာခဲ့တဲ့ လျူခိုင်မှာ ​ပေါ်ယွီ၏ မုန့်စားသံများကို ကြားကြားချင်း မ​ကျေမနပ် ​ပြောလိုက်သည်။
" ဥက္ကဋ္ဌစုန့်က မင်းကို မ​ကျွေးမ​မွေးဘဲ ပစ်ထားတာလား ??? မနက်အ​စောကြီး ကွတ်ကီး​တွေ စား​နေတယ် ၊ ​ပေါက်စီ​လေး​တစ်လုံးတစ်​လေတောင် မစားရဘူး "

မိသားစုအား အပြည့်အ၀ ကာကွယ်တတ်သူကြီး ​ပေါ်ယွီကား မဆိုင်းမတွ ​ချေပလိုက်၏။
" မနက် ဘာမှမစားခင် သွားကျန်းမာ​ရေးအတွက် အစာမာတစ်ခုခုဝါး​ပေးရတာက အ​ခြေခံ ဗသုသုတဗျ "

လျူခိုင် : " . . . . . . . . . . "

" ဒါနဲ့ မင်း ​မော့မျိုးရိုးကို အပြစ်လုပ်မိတာရှိသလား ??? "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now