အခန်း-၁၁၁(လူထုအမြင်)

1.8K 306 5
                                    

Scroll down for Zawgyi.

Unicode

တစ်ချိန်တည်း၌ ​ပေါ်ယွီ၏အတွင်း​ရေးသတင်းကို လက်ခံရရှိခဲ့​သော မဂ္ဂဇင်းဋ္ဌာနသုံးခုဟာ အံ့သြဘနန်းဖြစ်ကုန်ကြသည်။ mail ပို့သူက မည်သူဆိုတာ သူတို့ မသိ​သော်လည်း ဒီသတင်းကြီး သူတို့ အပိုင်ရထားမှ​​တော့ ဘယ်သူပို့လိုက်ပို့လိုက် အ​ကြောင်းမဟုတ်​ပေ။

ထိုမဂ္ဂဇင်းတိုက်​တွေက အမည်မ​ဖော်လိုသူ သတင်​ပေးသမားအား လျစ်လျူရှူလိုက်ကြသည်။ဘာဖြစ်ဖြစ် သူတို့ ဒီသတင်းက​နေ ပိုက်ဆံ​တွေအများကြီး ရှာနိုင်သည်​လေ ၊ အဲဒီ​တော့ ဘာလို့ လိုက်အာရုံစားနေမလဲ။

ထိုစဉ် ချင်ရှန်းရဲ့ခွဲစိတ်မှုက အဆုံးသတ်သွားခဲ့သည်။

ပင်ပန်းနွမ်းနယ်​နေသည့် မျက်နှာဖြင့် ခွဲစိတ်ခန်းထဲက​နေ ထွက်လာတဲ့ တာဝန်ကျဆရာဝန်က ပြုံးလျက် အသိ​ပေးသည်။
" ခွဲစိတ်မှု ​အောင်မြင်တာကို ဂုဏ်ပြုပါတယ် ....... "

" လူနာအ​ခြေအ​နေက​ ??? "

" ဟုတ်ကဲ့ ၊ လူနာက သုံးနာရီ​လောက် အထူး​စောင့်ကြည့်ဖို့ လိုပါ​သေးတယ်။ အဲဒီသုံးနာရီကို ​ကျော်ရင် ပုံမှန်လူနာခန်းဆီ ​​ရွေ့လို့ရပါပြီ။ ဒါ​ပေမယ့် ခန္ဓာကိုယ်ကို​တော့ မပြတ် ဂရုစိုက်​ပေးရပါမယ် "
တာဝန်ကျဆရာဝန်က ​ညွှန်ကြားဖွယ်ရှိတာ ညွှန်ကြားပြီးသည်နှင့် ထွက်ခွာသွား၏။

​ပေါ်ယွီ စုန့်ရှီလင်ထံ လှည့်ကြည့်လိုက်သည်။
" မင်း ဘယ်အချိန် ဟွားချန်မြို့ကို ပြန်မှာလဲ ??? အဲဒီကျ ငါ မင်းနဲ့အတူတူ ပြန်လိုက်ခဲ့မယ် "

" ကိုယ် တစ်ပတ်ဝန်းကျင် ​နေဖြစ်ဦးမှာပါ "
စုန့်ရှီလင် ဤအလုပ်ခရီးရဲ့အလုပ်ပမာဏကို အကြမ်းဖျင်း တွက်ချက်ကာ အနီးစပ်ဆုံး ခန့်မှန်း​ဖြေလိုက်၏။

" မင်း အန်တီချင်နဲ့ ​ခဏတစ်ဖြုတ် နေ​မ​ပေး​တော့ဘူးလား ??? "

​ပေါ်ယွီ ခွဲစိတ်ခန်းဘက် တစ်ချက် ​ငေးကြည့်လိုက်သည်။
" ငါ့အလုပ်​တွေ ​နှောင့်​နှေး​နေတာ ကြာပြီ။ သူ့​ဘေးပတ်ပတ်လည်မှာ လက်​​ထောက်​တွေ​ရော အာဟာရပညာရှင်​တွေ​ရော ရှိ​နေတဲ့ဟာ ၊ ငါ ​နေ​နေလည်း ပျင်းစရာကြီး "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now