အခန်း-၁၀(ငြင်းဆန်ခြင်း)

8.7K 1.2K 5
                                    

Scroll down for Zawgyi.

Unicode

သူ့ကိုယ်သူ professional သရုပ်​ဆောင်တစ်​ယောက်ဖြစ်ဖို့ ​လေ့ကျင့်ခဲ့တဲ့ ​ပေါ်ယွီက အစားကို 80% ထိပဲ စား​သောက်တဲ့အကျင့်ကို ကျင့်သားရခဲ့သည်။​ပေါ်ယွီ​ကြောင့် ဖရဲသီး​လေးကလည်း နို့ဖြတ်ပြီး အစာ​ပြောင်း​ကျွေးတဲ့အချိန်မှာ အဲဒီအကျင့်ထဲကို ပုံစံသွင်းခံလိုက်ရ​တော့သည်။

ဖရဲသီး​လေးက အစား,စားလို့ ပြီးသွားပြီဖြစ်သည်။နာရီ၀က်​​ကျော်​ကျော်​လောက်ကြာပြီးသွားတဲ့အခါ ဖရဲသီး​လေးက သူ့ရဲ့​ဖန်ခွက်​လေးကို ယူ​သောက်လိုက်ပြီး သူ့ရဲ့နှစ်လိုဖွယ်ရာမျက်လုံး​လေး​တွေကို သိချင်စိတ်နဲ့ ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်သည်။

စုန့်ရှီလင်က အမြဲတမ်း အလုပ်ရှုပ်​နေတတ်တာ​ကြောင့် သူက အစားကို အရမ်းမြန်မြန်ဆန်ဆန် စား​လေ့ရှိသည်။သူက ပန်းကန်လုံးနဲ့တူ​တွေကို စားပွဲ​ပေါ်ချပြီး tissue နဲ့ သူ့ပါးစပ်ကို သုတ်ကာ ​ပြောလိုက်သည်။ " ငါ ​ပေါ်ယွီကိုရှာဖို့ မင်းကို ​ခေါ်သွား​ပေးမယ် "

ဖရဲသီး​လေးက လိမ်လိမ်မာမာနဲ့ သူ့လက်​လေး​တွေကို ဆန့်ပြီး စုန့်ရှီလင်ရဲ့လည်တိုင်ကို ဖက်တွယ်ကာ ​ပြောလိုက်သည်။ " ဒါ​ပေမယ့် ပါးပါးက အခု အလုပ်မှာ​လေ "

" ကိစ္စမရှိဘူး သူ စိတ်ဆိုးမှာမဟုတ်ဘူး " စုန့်ရှီလင် Private Room ထဲက​နေ ထွက်သွားလိုက်သည်။

စုန့်ရှီလင်မှာ တစ်ကိုယ်​ကောင်းဆန်တဲ့ ကိုယ်ပိုင်ရည်ရွယ်ချက်တချို့ရှိတာ​ကြောင့် သူက ​ပေါ်ယွီကို လမ်းမှာ ကြိုပြီး ဖုန်းဆက်မထားဘဲ ​ပေါ်ယွီကိုရှာဖို့ ရိုက်ကွင်းဆီ တစ်ခါတည်း တန်း​မောင်းသွားလိုက်သည်။

​ပေါ်ယွီ စုန့်ရှီလင်ဆီက​နေပြီး ဖုန်း၀င်လာတာတဲ့အချိန်မှာ သူ ငြိမ်ငြိမ်မ​နေနိုင်​တော့သလို ခံစားရသည်။Screen ​ပေါ်က ရင်းနှီးလွန်းလှတဲ့ phone number ကို ကြည့်ပြီး သူ အချိန်အ​တော်ကြာ တုံ့ဆိုင်း​နေမိသည်။အဲဒီ​နောက် သူ answer button ကို နှိပ်ချလိုက်​တော့သည်။

အဲဒီအခါ စုန့်ရှီလင်ရဲ့ ​လေးနက်ပြီး ညှို့ဓါတ်ပါတဲ့အသံ ​ပေါ်ထွက်လာသည်။သူက တည်ကြည်​လေးနက်စွာနဲ့ ​မေးလာခဲ့သည်။ " အလုပ်များ​နေလား "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now