အခန်း-၉၂(ပြသာနာရှာခြင်း)

3.3K 561 24
                                    

Scroll down for Zawgyi.

Unicode

အစက ဖရဲသီး​လေးဟာ ​စောင်အထူကြီး​အောက်တွင် ၀င်​အောင်းရင် ပုံ့ပုံ့​လေး စိတ်​ကောက်​နေခြင်းဖြစ်သည်။​နောက်​တော့ ​ပေါ်ယွီ ဘာမှစကားမစရ​သေးမီ ဖရဲသီး​လေးက ​စောင်ပုံကြီး​အောက်က​နေ အလျင်အမြန် တိုးထွက်လာကာ ​ပေါ်ယွီ့​ခြေ​ထောက်အား တင်းတင်းကြပ်ကြပ် ဖက်တွယ်လိုက်သည်။

" ပါးပါး ၊ ဖရဲသီး​လေးကို ပစ်မထားပါနဲ့ . . . "
ဖရဲသီး​လေးမှာ အသံ​လေး​တွေ ကွဲမတက် ရှိုက်ကြီးတငင် ငို​ကြွေး​နေသည်။

ဒါက ရင်နင့်ဖွယ် ​နွေး​ထွေး​သော မြင်​ကွင်း​လေးတစ်ခု​ပေမယ့် ​ပေါ်ယွီ ရုတ်တရက် ရယ်​မောလိုက်သည်။
" ဟား . . . ဟား . . . "

အံ့သြ​ကြောင်အသွားတဲ့ ဖရဲသီး​လေးက ​ပေါ်ယွီအား ​​ခေါင်း​လေးမော့ကြည့်လာသည်။
" . . . . . . . "

က​လေး​လေးရဲ့​၀မ်းနည်းဒေါသ​တွေဟာ ​ပေါ်ယွီ့ကို ​တွေ့မြင်လိုက်ရစဉ်အခိုက်အတန့် ဟိုးအ​စောကြီးကတည်းက လွင့်ပျယ်သွားခဲ့ပြီဖြစ်ပြီး တိတ်တိတ်​လေး ​ပျော်ရွှင်၀မ်း​မြောက်​နေခဲ့သည်။က​လေး​လေးက တခစ်ခစ် ပြုံးရယ်လျက် ​ပေါ်ယွီ့​နောက်က​နေ မခွဲမခွာ လိုက်လံကပ်တွယ်​နေ၏။

ကြက်ဥဆန်ပြုတ်ပန်းကန်ကို လက်မှာ ကိုင်ထားတဲ့ ​ပေါ်ယွီက ဆန်ပြုတ်အား ဇွန်းအပြည့် ခပ်ယူလိုက်သည်။
" ပါးစပ်ဟ . . . "

ဖရဲသီး​လေးက အ​လောတကြီး​လေး မျိုချ၍ ဗလုံးဗ​ထွေး ​မေးလိုက်သည်။
" ပါးပါး ၊ မ​နေ့က ပါးပါး ဘယ်မှာ​နေ​နေတာလဲဟင် ??? "

​ပေါ်ယွီက ထုံးစံအတိုင်း မျက်​တောင်မခတ်တမ်း မျက်နှာအမူအရာ မ​ပြောင်းမလဲ လိမ်ညာလိုက်သည်။
" ပါးပါးက ဖရဲသီး​လေးအတွက် ပိုက်ဆံ​တွေ သွားရှာ​ပေး​နေတာ​လေ "

ဤမုသားစကားဟာ ယခင့်ယခင် အခေါက်​တွေတုန်းကထိ အသုံး၀င်ခဲ့သည့်တိုင် ယခု၌မူ အကျိုးသက်​ရောက်မှုမရှိ​တော့​ချေ။

ဖရဲသီး​လေးက ​ပေါ်ယွီအား အရှိုက်တည့်တည့် ​ချေပလိုက်သည်။
" ပါးပါးလူလိမ် ! ဒက်ဒီလည်း ဖရဲသီး​လေးအတွက် ​နေ့တိုင်း​နေ့တိုင်း ပိုက်ဆံသွားရှာ​ပေး​ပေမယ့် ​နေ့တိုင်း​နေ့တိုင်း အိမ်ပြန်လာတာပဲကို "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now