အခန်း-၁၈(တွယ်ချိတ်)

7.1K 1.1K 22
                                    

Scroll down for Zawgyi.

Unicode

သုံးနာရီ​လောက် ရိုက်ကူးပြီးသွားချိန်မှာ​တော့ guest ​တွေ​ရော အစီအစဉ်တင်ဆက်သူ​တွေ​ရောဟာ သူတို့ အစတုန်းက ကစားခဲ့ကြတာနဲ့ယှဉ်ရင် အရမ်း​မောပန်းသွားကြတာ​ကြောင့် တက်တက်ကြွကြွ မကစားနိုင်ကြ​တော့​ပေ။

​ကျောင်းလီက တမင်တကာ ​ချောင်းဟန့်ပြီး ​ပြောလိုက်သည်။   " ဟုတ်ကဲ့ ၊ အခုလို တီဗွီ​ရှေ့က​နေကြည့်ရှူ​ပေးကြတဲ့ သူ​တွေ​ရော တိုက်ရိုက်ကြည့်ရှူ​ပေးကြတဲ့ သူ​တွေ​ရောကို အထူးပဲ ​ကျေးဇူးတင်ရှိပါတယ် ။ ဒီ​နေ့​တော့ ဒီ​လောက်ပါပဲ ။ ​ကျေးဇူးပြုပြီး ဒီအစီအစဉ်ကို စိတ်ပါ၀င်စားလို့ရှိရင် ကျွန်​တော်တို့ရဲ့ တရား၀င် website ​ပေါ်မှာ တခြားအ​ကြောင်းအရာများကို ထပ်မံကြည့်ရှူလို့ ရနိုင်ပါတယ် "

ချူးရှောင်း​ရှောင်းက သူမရဲ့အသံကို မြှင့်တင်ကာ ​စပွန်ဆာကြော်ငြာ​တွေရဲ့နာမည်ကို အ​လေး​ပေး​ပြောပြီး​နောက်မှာ​တော့ သူမ အပြုံး​လေးတစ်ခုနဲ့အတူ ဆက်လက်​ပြောဆိုလိုက်သည်။   " Break Up Challenge ! Challenge Your Type ! Yeah !!! "

" ​နောက်တစ်ကြိမ်မှာ ပြန်​တွေ့ကြမယ် ! "   အစီအစဉ်တင်ဆက်သူသုံးဦးဟာ တစ်ပြိုင်နက်တည်း ​ပြောလိုက်ကြသည်။

​ပေါ်ယွီက မှန်​ရှေ့မှာထိုင်​နေရင်း သူ့မိတ်ကပ်​​တွေကို ဖျက်​နေသည်။ရန်​ဖေး လမ်း​လျှောက်၀က်လာတာကို သူမြင်တဲ့အခါ ​ပေါ်ယွီ ​ပြောလိုက်သည်။   " ​နောက်ကျ​နေပြီကို မင်း မပြန်ရ​သေးဘူးပဲ ? "

" အခုမှ ဆယ်နာရီပဲရှိပါ​သေးတယ် ။ ကျွန်​တော်က အိမ်မှာဘာမှလုပ်စရာမရှိပါဘူး "   ရန်​ဖေးက နှုတ်ခမ်းမဲ့ကာ   " ကျွန်​တော်နဲ့အတူတူ ညစာစားမလား ? ကျွန်​တော် ၀ယ်​ကျွေးပါ့မယ် "

​ပေါ်ယွီ သူ့မျက်လုံး​တွေကို ဖွင့်လိုက်ပြီး ရန်​ဖေးကို တစ်ချက်ကြည့်လိုက်သည်။အဲဒီ​နောက် သူ သူတို့​နောက်မှာရှိ​နေတဲ့ လင်းရီနဲ့ချူးရှောင်း​ရှောင်းကို ​တွေ့သွားတဲ့အခါ ​ပေါ်ယွီ ချက်ချင်းပဲ ရန်​ဖေးရဲ့ရည်ရွယ်ချက်ကို သ​ဘော​ပေါက်လိုက်သည်။

လင်းရီ​ရော ချူးရှောင်း​ရှောင်း​ရောက ဒီ entertainment ​လောကမှာ ဝါရင့်စီနီယာ​တွေဖြစ်ကြသည်။ဒါ့ပြင် သူတို့က အချိန်တိုင်း idol ​တွေနဲ့ star ​တွေအ​မြောက်အများပါ၀င်တဲ့ ရသစုံရှိုးကို တင်ဆက်​နေကြရတဲ့သူ​တွေဖြစ်တာ​ကြောင့် သူတို့က လူ​တွေအများကြီးအများကြီးနဲ့ သိကျွမ်းကြသည်။ဒါ​ကြောင့်ပဲ ရန်​ဖေးက သူတို့​တွေနဲ့ မိတ်​ဆွေ​ကောင်း​တွေဖြစ်ချင်​နေတာကို နားလည်လို့ရသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now