အခန်း-၇၀(တွဲဖက်ပါတနာ)

7.6K 1.3K 66
                                    

Scroll down for Zawgyi.

Unicode

စုန့်ရှီလင်အ​မေက ဖရဲသီး​လေးကို သူမလက်​မောင်း​တွေထဲမှာ ​ပွေ့ဖက်ထားရင်း ဆိုဖာ​ပေါ်တွင် ထိုင်နေသည်။သူမဟာ ပါးစပ်က နားရွက်တက်ချိတ်​တော့မတက် ပြုံးရယ်လို့​နေ၏။ " လိမ္မာလိုက်တဲ့ က​လေး​လေး။ ဘွားဘွားလို့ ​နောက်တစ်​ခေါက်​လောက် ထပ်​ခေါ်ကြည့်ပါဦးကွယ် "

" ဘွားဘွား !!! " ဖရဲသီး​လေးက က​လေးပီပီ ချစ်စရာအသံ​လေးဖြင့် ​ခေါ်ဆိုလိုက်သည်။

" အိုး ! အချစ်တုံး​လေး !! " စုန့်ရှီလင်အ​မေက ကျယ်​လောင်စွာ ​ပြောလိုက်သည်။သူမက ထိုစကားလုံး​လေးအ​ပေါ်မှာ အရသာ​တွေ့​ကျေနပ်​ပျော်ရွှင်​နေပြီး ဖရဲသီး​လေးကို သူမလက်​မောင်း​တွေနဲ့ ​ထွေး​ပွေ့ထားလျက် ထပ်ကာထပ်ကာ နမ်းရှုံ့လိုက်သည်။

ဘွားဘွားရဲ့ ​မြေးအလိမ္မာ​လေး !!!

စာကြည့်ခန်းထဲ၌ စုန့်ရှီလင်အ​ဖေနဲ့ စုန့်ရှီလင်တို့က ​လေး​ထောင့်စက်စက်သဏ္ဍာန် စားပွဲ၏ တစ်ဖက် တစ်ချက်စီတွင် ထိုင်​နေကြသည်။

စုန့်ရှီလင်အ​ဖေက ​အေးစက်မှု​တွေနဲ့အတူ အနက်​ရောင်ကျား​စေ့​လေး​တွေကို ​လေးနက်စွာ ယူလိုက်သည်။ " က​လေးက ဘယ်သူလဲ ??? "

" ကျွန်​တော့်ကလေးပါ " စုန့်ရှီလင် ကျားကွက်အား ငုံ့ကြည့်​နေရာက​နေ ​ဦးမော့မလာဘဲ ​​ပေါ့​ပေါ့ပါးပါး ဖြေလိုက်သည်။

စုန့်ရှီလင်အ​ဖေ မျက်​​မှောင်ကြုတ်သွားသည်။ " သူက မင်းနဲ့ လုံး၀ မတူဘူး "

ဟုတ်​ပေသည်။ဖရဲသီး​လေးဟာ ​ပေါ်ယွီရဲ့ကိုယ်ပွား​လေးသာဖြစ်ပြီး စုန့်ရှီလင်နှင့် လုံးလုံးလျားလျား မတူပါ​ချေ။သို့တိုင် ဖရဲသီး​လေးရဲ့ ပင်ကိုယ်စရိုက်လက္ခဏာ​လေး​တွေက​တော့ စုန့်ရှီလင်အတိုင်း ကွက်တိကို ချွတ်စွပ်ပင်ဖြစ်သည်။

" သူက ကျွန်​တော့်သားပါ " စုန့်ရှီလင် ဖခင်အရင်းဖြစ်​ကြောင်း စစ်​ဆေးချက်ရလဒ်ကို သူ့ဖခင်ဆီ ​ပေးလိုက်သည်။
" ပါး , ကျွန်​တော့်က​လေးရဲ့ ဖြစ်တည်မှုကို အချိန်တစ်ခု​ရောက်ရင် တခြားလူ​တွေဆီ ဖွင့်ချခွင့်​ပေးပါ "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now