အခန်း-၇၄(သကြားဖေ​ဖေ)

6.6K 1K 57
                                    

Scroll down for Zawgyi.

Unicode

ဇာတ်လမ်းပွဲဦးထွက်​ ကြော်ငြာမိတ်ဆက်ပွဲပြီး​နောက် ​ပေါ်ယွီ စင်​နောက်ဘက်တွင် အနားယူ​နေသည်။မိတ်ကပ်မဖျက်ရ​သေးခင်မှာ သူမ၏ ရင်ဘတ်နား၌ လက်ကိုပိုက်လျက် သူ့ဆီလာ​နေတဲ့ ချူး၀မ်၀မ်အား မြင်လိုက်ရ၍ ​ပေါ်ယွီ သူမကို ​အေးစက်စွာ ကြည့်လိုက်သည်။ခဏအကြာ ​ပေါ်ယွီ ​မေးမြန်းလိုက်သည်။   " ဘာကိစ္စလဲ "

" ရှင် အရှက်မရှိမှန်း ကျွန်မ မသိခဲ့ရပါ့လား​နော် "   ချူး၀မ်၀မ်ဟာ ထိန်းမနိုင်သိမ်းမရ ​ဒေါသတို့နဲ့အတူ ​လောင်မြိုက်​နေသည်။

​နွေဦးပွဲ​တော်အခါသမယအတွင်း သူမက စုန့်အိမ်​တော်ဆီသို့ ​နေ့တိုင်းနီးပါး အလည်သွား​ရောက်ခဲ့သည်။ရက်​တော်​တော်များများရှိတဲ့အထိ သူမ စုန့်ရှီလင်ကို မ​တွေ့ရတဲ့အခါ အကူအညီမဲ့စွာဖြင့် စုန့်ရှီလင်အ​မေအား ဘာ​ကြောင့် စုန့်ရှီလင်က အိမ်မှာမ​နေတာလဲဟု ​မေးကြည့်ခဲ့သည်။

စုန့်ရှီလင်အ​မေက စုန့်ရှီလင်ဟာ သူ့ဇနီး​လေး​နောက်လိုက်သွားပြီဖြစ်​ကြောင်း ကြင်နာမှုအပြည့်ရှိသည့် အပြုံးတစ်ပွင့်နဲ့ ပြန်​ဖြေလာခဲ့သည်။

သူ့ဇနီး​လေး !?

စုန့်ရှီလင်မှာ မိန်းမရှိတယ် ?!

​ဒီအချိန်အ​တောအတွင်းမှာ ချူး၀မ်၀မ်က စုန့်ရှီလင်ကို ​ဂရုတစိုက်စောင့်ကြည့် အကဲခတ်​ထားခဲ့သည်။ဒါ​ကြောင့် စုန့်ရှီလင်နဲ့​ပေါ်ယွီတို့နှစ်​ယောက် ​သေချာ​ပေါက် အတူတူ ပြန်တွဲ​နေ​လောက်ပြီဆိုတာကို သူမ ခန့်မှန်းနိုင်ခဲ့သည်။

ထို့​​ကြောင့်ပင် စုန့်ရှီလင်​ခေါ်တဲ့ ဇနီး​လေးဆိုတဲ့တစ်​ယောက်ဟာ ​ပေါ်ယွီဖြစ်မှန်း သူမ အလွယ်တကူ မှန်းကြည့်လိုက်လို့ရသည်။

​ပေါ်ယွီက စုန့်ရှီလင်ကို ဘယ်လို​တောင် အရှက်မရှိ အပိုင်ဖမ်းထားတာလဲ !?? ​နွေဦးပွဲ​တော်​ရောက်တာ​တောင် စုန့်ရှီလင်ကို အိမ်ပြန်ခွင့်မ​ပေးဘူး !!?

ထိုအ​ကြောင်း​ကြောင့်ပဲ ​ပေါ်ယွီကို အချိန်အ​တော်ကြာ မ​ကျေမချမ်းဖြစ်​နေတဲ့ ချူး၀မ်၀မ်ဟာ သူမမှာ အချိန်ရှိတာနဲ့ ​ပေါ်ယွီ့အား ပြစ်တင်ဝေဖန်ရန် ​ရောက်ချလာခဲ့သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now