အခန်း-၅၁(မုန်းတီးခြင်း)

6.5K 1.2K 44
                                    

Scroll down for Zawgyi.

Unicode

" ကျစ် , ကျစ် ... အရမ်းစိတ်ပျက်စရာ​ကောင်းလိုက်တာ​နော်။ သူက တကယ့်ကို တခြားလူတစ်​ယောက်ဖြစ်သွားတာပဲ !!! ပြီး​တော့ သူက ​နေရာရဖို့အတွက်နဲ့ ပြည့်တန်ဆာ​တွေလိုမျိုး သူ့ခန္ဓာကိုယ်ကို​တောင် ​ရောင်းစားလိုက်​သေးတယ် !!! "   လူတချို့က ရွံရှာစွာ ​ပြောဆိုလိုက်ကြသည်။

" ဒီကိုလာ , ဒီကိုလာ , က​လေး​တွေ။ အဲဒီမဖွယ်မရာ ဓါတ်ပုံ​တွေကို မကြည့်ကြနဲ့။ စက်ဆုပ်စရာ​ကောင်းလိုက်တဲ့​ကောင် ! ထွီ !! entertainment ​လောကကြီးက တကယ့်တကယ့်ကို ညစ်ပတ်ရှုပ်ပွပြီး သပွတ်အူလိုက်​နေ​ရောပဲ "   လူတစ်​ယောက်က ရန်​ဖေးကို ​ဝေဖန်ရှုတ်ချလိုက်သည်။

" trainee ​လေးတစ်​ယောက်ဖြစ်ပြီး သရုပ်​ဆောင်ဖို့ အခွင့်အ​ရေး​ကောင်း​တွေရ​နေတာ အံ့သြစရာမရှိဘူးပဲ။ သူ့တင်ပါး​နောက်မှာ တစ်​ယောက်​ယောက်ရှိ​နေလို့ကိုး။ ဟား ... ဟား ... ဟား ... "   တချို့လူ​တွေက ​လှောင်​ပြောင်ရယ်​မော​နေကြသည်။

လူတိုင်းက အဲဒီဓါတ်ပုံ​တွေကို ရှင်းရှင်းလင်းလင်း မြင်ပြီးကြတဲ့​နောက် ရန်​ဖေးကို ကြည့်တဲ့ သူတို့အကြည့်​တွေဟာ ရုတ်တရက် ​ပြောင်းလဲသွားကုန်ကြ​တော့သည်။အဲဒီလူ​တွေထဲက တစ်ဖွဲ့ဟာ ရန်​ဖေးကို ကျိန်ဆဲ​နေကြပြီး တခြားအဖွဲ့က​တော့ ဒီ​နေရာမှာ ​ရောဂါကပ်ဆိုးကြီးတစ်ခု ဖြစ်ပွား​နေသကဲ့သို့ ​​ရှောင်ဖယ်ကာ အဝေးကို ထွက်သွားကြ​လေသည်။

entertainment ​လောကထဲမှာ နှစ်​ပေါင်းများစွာ အ​တွေ့အကြုံရှိတဲ့ အသင်း​ခေါင်း​ဆောင်က ဒီလိုကိစ္စမျိုး​တွေကို အံတို​​နေပြီဖြစ်သည်။ဒါ​ကြောင့် သူက ဓါတ်ပုံ​တွေကို မြင်လိုက်တာနဲ့ ရန်​ဖေးကို ဘာမှ​ပြောမ​နေ​ဘဲ ထားခဲ့လိုက်ပြီး အစီအစဉ်ရိုက်ကူး​ရေးအဖွဲ့ဆီ လျင်မြန်စွာ ထွက်လာခဲ့လိုက်သည်။

အဲဒီအဖြစ်အပျက်ကြီးကို မျက်မြင်ဒိဋ္ဌ​တွေ့ကြုံလိုက်ရတဲ့  ရိုက်ကွင်း၀န်ထမ်းတစ်ဦးကလည်း ချက်ချင်းပင် ကြက်​သေ​,သေသွားရသည်။

ဒါရိုက်တာမှာလည်း အရမ်းကို ​ဒေါသထွက်လွန်းပြီး ​ဆွေ့​ဆွေ့ခုန်​နေပင်မယ့် သူ ဘာမှမတတ်နိုင်​ပေ။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now