အခန်း-၄၁(အချစ်)

7.2K 1.1K 39
                                    

Scroll down for Zawgyi.

Unicode

၀တုတ်​လေးက စုန့်ရှီလင် ​ရောက်ချလာတာကို မြင်တဲ့အခါ သူ အခုချက်ချင်း ထွက်​ပြေးဖို့ ဆုံးဖြတ်လိုက်သည်။

ဒါ​ပေမယ့် ​နောက်စက္ကန့်မှာပဲ ဖရဲသီး​လေးက စုန့်ရှီလင်ရဲ့​ခြေတံ​တွေဆီ အ​ပြေးအလွှားသွားဖက်ကာ အလိုလိုက်ခံရတဲ့ က​လေးတစ်​ယောက်လိုမျိုး ပြုမူ​နေတာ ၀တုတ်​လေး မြင်လိုက်ရတဲ့အချိန်မှာ သူ ချက်ချင်းပဲ မျက်လုံး​တွေ ပြူးသွားပြီး အကူအညီမဲ့စွာနဲ့ သက်ပြင်းချလိုက်​လေသည်။

၀တုတ်​လေးက သူ့နှလုံးသားထဲမှာ အခု​လေးတင် ဖရဲသီး​လေးကို ​ခေါ်မသွားချင်​တော့ဘူးလို့ ​တွေးလိုက်မိသည်။သူက တည်တည်ငြိမ်ငြိမ်နဲ့ ပတ်၀န်းကျင်ကို ကြည့်လိုက်တဲ့အခါ သူကို လာကြိုတဲ့ driver ကို သိပ်မ​ဝေးတဲ့​နေရာမှာ ​တွေ့လိုက်ရတာ​ကြောင့် ၀တုတ်​​လေးက ချက်ချင်းလက်ငင်းပဲ သူ့​ခြေ​ထောက်လေး​တွေကို မကာ ထွက်သွားဖို့ ပြင်လိုက်သည်။

စုန့်ရှီလင် ​ပြောလိုက်သည်။   " ချူဖန်းရဲ့သားက ဘာလို့ ဒီမှာ ရှိ​နေတာလဲ ? "

၀တုတ်​လေးက ​တောင့်တင်းသွားပြီး ​ရှေ့ကို တိုးကာ ပြုံးပြနှုတ်ဆက်လိုက်ရသည်။
  " ဟယ်လို , ဦး​လေးစုန့် "

" မစ္စတာချူရဲ့သားလား ? "   အတွင်း​ရေးမှူးချူ မင်တက်သွားသည်။ ချူမိသားစုက မျိုးရိုးဗီဇကိုများ သ​န္ဓေ​ပြောင်းလိုက်ကြတာလား ??? ချူဖန်းရဲ့သားက ချူမိသားစု၀င်​တွေနဲ့လည်း လုံး၀ မတူဘူး။

၀တုတ်​လေးက ​ချောင်းဟန့်ကာ အလိုလိုက်ခံထားရလို့ ဆိုးသွမ်း​နေတဲ့ သခင်ငယ်​လေးတစ်​ယောက်ရဲ့ ဟန်ပန်မျိုးနဲ့ သူ့ရင်ဘတ်​လေးကို မတ်လိုက်ပြီး ,   " ဟုတ်တယ် "

ဖရဲသီး​လေးက စုန့်ရှီလင်ရဲ့ suit pants ကို ဖမ်းဆွဲရင်း စုန့်ရှီလင်က သူ့ကို ​ပွေ့ချီလာဖို့အတွက် စုန့်ရှီလင်အ​ပေါ်ကို တက်ဖို့ ကြိုးစား​တော့သည်။

စုန့်ရှီလင်က သူ့ကို အလိုမလိုက်​ပေ။

ခဏ​လောက်ကြာတဲ့အခါ ဖရဲသီး​လေးက စိတ်ပျက်စွာနဲ့ အရှုံး​ပေးလိုက်ရသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now