အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)

7.5K 1.1K 20
                                    

Scroll down for Zawgyi.

Unicode

" ​ပေါ်ယွီက မင်း စုန့်ရှီလင်ကိုပေးမယ့် ​သံပရာရည်ကို မှား​သောက်မိခဲ့တာလို့ မင်း ပြောခဲ့တယ်​လေ ။ အခု မင်း ဘာလို့အဲ့လိုလုပ်ခဲ့ရတယ်ဆိုတာ ငါ့ကို ​ပြောပြမလား ? "

ချီယန်က သူ့ကိုယ်သူ ​ကျေနပ်အားရ​နေတဲ့အချိန်မှာ ​​မော့အန်းယွီက ရုတ်တရက် ​မေးလိုက်သည်။

ချီယန်ရဲ့ မျက်နှာအမူအရာက ချက်ချင်း ​ပြောင်းလဲသွားသည်။

​မော့အန်းယွီက မတ်တပ်ရပ်ကာ ဖန်ခွက်အသစ်တစ်လုံးကို ယူလိုက်ပြီး ဝိုင်နီ​တွေ ​လောင်းထည့်ကာ သူ့လက်ထဲကခွက်ကို အနည်းငယ် လှုပ်ယမ်းလိုက်သည်။

ချီယန်ရဲ့ ​နောက်​ကျောက ရုတ်တရက် ​ချွေး​တွေစိုရွှဲလာသည်။

" အရင်တုန်းက ငါ မင်းလိမ်တာခံရလုနီးပါးပဲ​လေ ။ ဒါ​ပေမယ့် အခု​တော့ အဲဒါကို သ​ဘော​ပေါက်နားလည်ဖို့ အရမ်းကြီး ​နောက်မကျ​သေးပါဘူး "   ​မော့အန်းယွီက ​အေးစက်စွာ ​ပြောလိုက်သည်။   " ငါ့ခွင့်ပြုချက်မရှိဘဲ မင်းကို အဲဒီအစီအစဉ်အ​ကောင်အထည်​ဖော်ဖို့ ဘယ်သူကများ ခွင့်ပြု​ပေးလိုက်တာပါလိမ့် ?? "

ချီယန် မသိလိုက်ဘဲနဲ့ ပြန်လည်တုန့်ပြန်​ပြောဆိုလိုက်မိသည်။   " ငါ မ​စောင့်နိုင်​တော့ဘူး ။ ​ပေါ်ယွီကလည်း ဟွားချန်မြို့​တော်ကို ပြန်​ရောက်​နေပြီး ​ပေါ်ယွီအ​ပေါ်ထားတဲ့ စုန့်ရှီလင်ရဲ့သ​ဘောထားကလည်း စိတ်မချရတာကို ၊ ငါ စဉ်းစားလိုက်မိတာနဲ့ ...... ​​မော့အန်းယွီ , မင်းလည်း ဒီကိစ္စမှာ တာ၀န်ရှိတာပဲ​လေ။ ငါတို့နှစ်​ယောက်လုံး အခုဖြစ်ပျက်​နေတဲ့အရာတိုင်းအတွက် တာ၀န်ယူဖို့ ​ခေါင်း​ရှောင်​​နေလို့မရနိုင်ဘူး "

​မော့အန်းယွီ မတ်တပ်ရပ်ကာ ချီယန်ရဲ့မျက်လုံး​တွေကို တည့်တည့်ကြည့်ရင်း စကားလုံးတစ်လုံးချင်းစီကို ဖိ​​ပြောလိုက်သည်။   " ​ပေါ်ယွီ့အနားက​နေ စုန့်ရှီလင်ကို ချက်ချင်း ဖယ်ထုတ်ပစ်ဖို့ ငါ မင်းကို ​နောက်ထပ်အခွင့်အ​ရေးတစ်ခု​ပေးမယ် ။ မင်း အဲဒါကို မလုပ်နိုင်ဘူးလို့​တော့ ငါ့ကို လာမ​ပြောနဲ့ ! "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now