အခန်း-၁၀၅(ချစ်ရသူ)

2.7K 420 30
                                    

Scroll down for Zawgyi.

Unicode

သူတို့​တွေ စကား​ပြော​နေတုန်း ပေါ်လျန်က အခန်းထဲ ဝင်လာခဲ့သည်။

​ပေါ်ယွီဟာ တံခါး၀ဘက်သို့ ​​ကျော​ပေးထားသည်မို့ ​ပေါ်လျန်အား မမြင်။အမျိုးသမီးက ပေါ်လျန့်မျက်နှာကို ​တွေ့​သောအခါ ​အေးစက်ခက်ထန်စွာ ဆိုသည်။
" ထွက်သွားစမ်း "

​ရုတ်တရက် ပေါ်ယွီ လန့်ဖျပ်သွား၏။သူမအကြည့် လားရာအတိုင်း လှည့်ကြည့်လိုက်သော် ​ပေါ်လျန် ဖြစ်​နေ​ကြောင်း ​တွေ့ရသည်။​
" ​ကော "

ပန်းသီး​လေးတစ်ခြမ်းကို ကိုင်ထားတဲ့ ဖရဲသီး​လေးဟာလည်း ချစ်စဖွယ် ​ခေါ်လိုက်၏။
" ရှူရှူ "

​ပေါ်လျန်က အခန်းအတွင်းသို့ ​လမ်းလျှောက်လာကာ အမျိုးသမီးအား တင်တင်စီးစီး ငုံ့ကြည့်သည်။အစမှ အဆုံးထိ သူ့မျက်နှာအမူအရာဟာ မ​ပြောင်းမလဲ။
" ချင်ရှန်း ၊ ခင်ဗျားရဲ့အခုစကားက အရင် ​ပြောခဲ့တာ​တွေနဲ့ ​တော်​တော်​လေး ​ရှေ့​နောက်မညီဘူးနော် "

ချင်ရှန်းက ခပ်မဲ့မဲ့ပြုံး၏။
" ငါသာ ငါ့​​ရောဂါကို အကျယ်မချဲ့ရင် မင်းက သူ့ကို ငါနဲ့ ​တွေ့ဖို့ ခွင့်ပြုမတဲ့လား "

' သူ ' ဆိုသည်မှာ ​ပေါ်ယွီအား ရည်ညွှန်းခြင်း။

​ပေါ်လျန်က သူမနှင့် အချီအချငြင်းခုံ​နေချင်စိတ်မရှိ ၊ သူ ​ပေါ်ယွီထံ ​ပြောလိုက်သည်။
" စကား​ပြောတာ ​တော်လောက်ပြီ။ အိမ်ပြန်ကြစို့ "

အမျိုးသမီးက စိတ်အလျင်လို အ​လောတကြီးဖြစ်သွားသည်။သူမက အားနည်း​နေတဲ့ခန္ဓာကိုယ်ကိုပင် ဂရုမထားဘဲ အတင်းအဓမ္မ ကျားကန်ထလျက် ​ဒေါသတကြီး ဆိုလိုက်သည်။
" ​ပေါ်လျန် ၊ နင် လွန်လွန်းနေပြီ ! ငါက ငါ့သားနဲ့ စကား​လေးနည်းနည်း ​ပြောရုံပါ !! နင် ကဖျက်ကယက် ​နှောင့်ယှက်​နေရတာလဲ !!!??? "

​​​အော်ဟစ်ပြီးသည်နှင့်တစ်ပြိုင်နက် ရုတ်ခြည်း ချင်ရှန်းရဲ့မျက်နှာဟာ ပျက်ယွင်းသွားခဲ့သည်။သူမက ရင်ဘတ်ကို ဆုတ်ကိုင် ​ချောင်းတဟွတ်ဟွတ် ဆိုးလိုက်သည်။ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း တုန်ယင်လို့။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now