အခန်း-၅၅(မ​တော်တဆမှု)

6.3K 1.1K 25
                                    

Scroll down for Zawgyi.

Unicode

​နောက်တစ်​နေ့တွင် ​ပေါ်ယွီ ရိုက်ကွင်း​ရောက်ပြီးတဲ့​နောက် မော့​မိသားစုဆီမှာ မ​ကောင်းတဲ့ ကိစ္စတစ်ခုခု ဖြစ်ခဲ့တယ်ဆိုတာ သိလိုက်ရသည်။

​မော့မိသားစုအိမ်​တော်တွင် အိမ်တွင်းပဋိပက္ခ​တွေ​ကြောင့် ​မော့အန်းယွီရဲ့အဘိုးဖြစ်သူ သခင်ကြီး​မော့ဟာ ​ဒေါသထွက်လွန်း၍ အသက်အန္တရာယ်ထိခိုက်ပြီး အ​ရေး​ပေါ်ကုသမှုအတွက် ​ဆေးရုံသို့ ပို့​ဆောင်ခဲ့ရသည်။သို့​သော်လည်း အချည်းနှီးဖြစ်ကာ ကွယ်လွန်သွားခဲ့သည်။

​မော့အန်းယွီရဲ့အဘိုး ​သေဆုံးပြီး​နောက် သူ့ရဲ့​ဆွေမျိုးဉာတိ​တွေဟာ ပရိယာယ်ဆင်လှုပ်ရှားကြ​တော့သည်။တချို့​တွေက ​မော့ကုမ္ပဏီရဲ့စ​တော့​တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ​စျေး​ချောင်​ချောင်ချိချိပေး၀ယ်ယူ​နေကြတာ​ကြောင့် စ​တော့​စျေးနှုန်း​တွေဟာ ထိုးကျကုန်သည်။

တစ်ချိန်တည်းမှာပင် ​မော့ယန် တာ၀န်ယူထားရတဲ့နယ်​မြေက စီးပွား​ရေးလုပ်ငန်းဟာလည်း ​ကောင်းမွန်စွာ အလုပ်မဖြစ်ပေ။သူက မ​မျှော်လင့်ဘဲ ​စျေးနည်းနည်းနဲ့ရခဲ့တဲ့ အဲဒီ​မြေမှာ ဗီလာ​ဆောက်လုပ်ဖို့အတွက် ​ငွေ​ကြေးအ​မြောက်အများကို သုံးဖြုန်းပစ်ခဲ့သည်။ဒါ​ကြောင့် ရှယ်ယာရှင်​တွေဟာ ဒီအခွင့်အ​ရေးကို အသုံးချပြီး ​မော့ယန်ကို ရာထူးက​နေ ဆင်း​ပေးဖို့ ​တောင်းဆိုကြ​တော့သည်။

ဒါ့ပြင် ​မော့အန်းယွီ လုပ်ငန်းလွှဲ​ပြောင်းယူခဲ့တဲ့ ​လေလံကိစ္စကလည်း လျှို့ဝှက်သတင်း​ပေါက်ကြားမှုဖြစ်ကာ ရုန်ချန်မြို့​တော်​မြေ​နေရာကို ၀ယ်ယူနိုင်ဖို့ ကျရှုံးခဲ့ပြီး ယခုချိန်မှာ ချူမိသားစုက ပိုင်ဆိုင်သွား​လေသည်။

နိုင်ငံခြားရုံးခွဲကို ​ရောက်ရှိ​နေကြတဲ့ ​မော့အန်းယွီရဲ့အ​​ဖေနဲ့အ​မေကလည်း အဲဒီပြသာနာ​တွေကို ​ဖြေရှင်းဖို့အတွက် အချိန်တိုအတွင်း ပြန်မလာနိုင်ကြ​ချေ။ဒါ​ကြောင့် အခုအခါမှာ ​မော့ညီအစ်ကိုနှစ်​ယောက်ဟာ အကူအညီမဲ့စွာနဲ့ ​ဘေးကျပ်နံကျပ်အ​ခြေအ​နေထဲကို ​ရောက်​နေကြသည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now